address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 30, 2013

နေပြည်တော် ပျဉ်းမနားမြို့ ပန်းပု အလုပ်ရုံများတွင် ငြိမ်းချမ်းရေး သင်္ကေတ လောကနတ် ပန်းပုရုပ်များ ထုဆစ်နေရ

နေပြည်တော် ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ် ပန်းပု အလုပ်ရုံများတွင် လတ်တလော လောကနတ် ပန်းပုရုပ်များနှင့် ဘုရားရုပ်ပွား ဆင်းတုတော်များ ထုဆစ် ထုတ်လုပ်နေရလျက်
ရှိကြောင်း ဈေးကုန်း ကျောင်းကွေ့ မင်း ပန်းပုအလုပ်ရုံမှ သိရှိရသည်။

လောကနတ် ပန်းပုအရုပ်အား အေးချမ်း သာယာသော အထိမ်းအမှတ် ငြိမ်းချမ်းရေး သင်္ကေတ အဖြစ် ကုမ္ပဏီများ၊ ရုံးများနှင့် ဟိုတယ်များတွင် အလှ ထားရှိကြကြောင်း၊ လောကနတ် ပန်းပုရုပ်အား ထုဆစ်ခ တစ်လက္မလျှင် (၃၀၀) ကျပ်ရှိကာ (၁၀)လက္မ အထက်ဆိုလျှင် ထိုထက် ဈေးပိုလျက် ရှိကြောင်း ပန်းပုရုပ် အပ်နှံသူများသည် မိမိ၏ နေ့သင့်နံသင့် အောက်ခံ အသားများဖြင့် ထုလုပ် စေခိုင်းကြကြောင်း ပန်းပု အလုပ်ရုံများတွင် လတ်တလော တစ်လက္မအရွယ် ရှင်သီဝလိ အဆောင် ရုပ်ထုများမှစ၍ (၂)ပေခွဲအရွယ် ဘုရား ရုပ်တုများနှင့် လောကနတ် ရုပ်တုများ ထုဆစ်နေရကြောင်း ဈေးနှုန်းများ အနေဖြင့် တစ်လက္မ ရှင်သီဝလိ အဆောင်ရုပ် တစ်ရုပ် (၂၀၀၀)ကျပ်နှင့် ဘုရားရုပ်ပွားတော် ရွှေချအပြီး တစ်လက္မလျှင် (၁၂၀၀၀/ိ-) ကျပ် ဈေးရှိနေကြောင်း သိရှိရသည်။

MOI

No comments:

Post a Comment