အုတ်ဖို ၊ ဒီဇင်ဘာ ၂၇ ။ ။ ပဲခူး တိုင်းဒေသကြီး အုတ်ဖိုမြို့နယ် ရှမ်းကုန်း အုပ်စု အောင်လံစု ကျေးရွာအပိုင် ဥက္ကံရိုးချောင်း အဟောင်းအနီး တွင် ဂျပန်များ
မြှုပ်နှံထားခဲ့သည့်ရတနာများ ရှိနိုင်၍ ဒီဇင်ဘာလ ၁၈ရက် မှစ၍ စမ်းသပ်တူး ဖော်ရေး လုပ် ငန်းများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ဂျပန်မြှုပ်ခဲ့သည့် ရတနာ များရှိနိုင်သည့်နေရာကို လမ်း ညွှန်ပြသနိုင်သူ များနှင့် ပူးပေါင်း ၍ Golden Geo Myanmar ကုမ္ပဏီက တူးဖော်နေခြင်းဖြစ် ကြောင်း သက်ဆိုင်ရာမှ သ တင်း ရရှိပြီး အဆိုပါနေရာ သည် ရွာသစ်-အောင်လံစုလမ်းအရှေ့ ဘက် ကိုက်၃ဝဝကျော်ခန့်တွင် တည်ရှိကြောင်း ဒေသခံတစ်ဦး ဖြစ်သူ ဦးဒီပါစံကပြောကြား သည်။
၎င်းကဆက်လက်၍ မြှုပ် နှံထားသည့်ရတနာများ မြေ
အောက်တွင်အချည်းနှီးဖြစ် မည့်အစား ယခုလိုတူးဖော်၍ ရရှိပါက အကျိုးရှိမည်ဖြစ် ကြောင်း၊ ရတနာများတူးဖော်ရ ရှိပါက ဒေသဖွံ့ဖြိုးရေး
အတွက် လည်း ထိုက်သင့်သလို ခွဲဝေအ သုံးပြု သင့်ကြောင်း ပြောကြား ခဲ့သည်။
အဆိုပါကုမ္ပဏီသည် ပဲခူး တိုင်းဒေသကြီး ဇီးကုန်းမြို့ နယ်ရှိ ဂျပန်မြှုပ်ခဲ့သော ရွှေများ တူးဖော်ရေးလုပ်ငန်းကိုလည်း လုပ်ဆောင်လျက်ရှိပြီး ပဲခူးတိုင်း အတွင်း၌ ဇီးကုန်းမြို့ပြီးလျှင် အုတ်ဖိုမြို့နယ်သည် ဂျပန်မြှုပ် ခဲ့သည့်ရတနာများ ဒုတိယ မြောက်တူး
ဖော်သည့်မြို့နယ် ဖြစ်ကြောင်းနှင့် ယခုအခါအ နက်ပေ ၁၃ပေခန့်အထိ ရောက် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
ပဲခူးရိုးမအနောက်ခြမ်း တစ်လျှောက်သည် ဂျပန်စစ်တပ် များစစ်ရှုံး၍ထွက်ခွာရာလမ်း ကြောင်းတစ်ခုဖြစ်နေ၍ ၄င်း တို့မြှုပ်နှံခဲ့သော အဖိုးတန်ရတ နာပစ္စည်းများ အများအပြား ရှိခဲ့ကြောင်းသိရှိရပြီး အုတ်ဖိုမြို့ နယ်တွင်လည်း အလားတူနေ ရာများစွာ ရှိနေနိုင်ကြောင်း
ဒေ သခံများထံမှသိရှိရကာ ယခု လိုဂျပန်မြှုပ်ခဲ့သည့်ပစ္စည်းနှင့် ရတနာများတူးဖော်နေခြင်းသည် ဒေသခံများအကြား စိတ်ဝင် စားဖွယ် သတင်းဖြစ်နေကြောင်း သိရှိရသည်။
တင်ထွဋ်
Yangon Media Group
No comments:
Post a Comment