address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, March 18, 2015

ကရင် သမိုင်းသုတေသနစာစုများ အမည်ရှိစာအုပ်ထွက်ရှိ



18.3.2015

ပုဂံခေတ်မှကုန်းဘောင်ခေတ်ထိ ကရင်-ဗမာဆက်ဆံရေး အပါအ၀င် ကရင် အမျိုးသားများနှင့်ပတ်သက်သည့် ရှားပါးသမိုင်းကြောင်းဆိုင်ရာများ ပါရှိ သည့် ကရင် သမိုင်းသုတေသနစာစုများအမည်ရှိ စာအုပ်ကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ဦးဆောက်ပန်းစာပေမှ ထုတ်ဝေဖြန့်ချီလိုက်ပါသည်။


အဆိုပါစာအုပ်ကို သမိုင်းသုတေသီတဦးဖြစ်သည့် ဒေါက်တာနန်းလှိုင် က ဘာသာပြန်ရေးသားခြင်းဖြစ်ပြီး ကရင်လူမျိုးတိုင်း မရှိမဖြစ်လေ့လာ သင့် သည့် သမိုင်းစာအုပ်ကောင်းတအုပ်ဖြစ်ပါသည်။
ဘားအံမြို့အပါအ၀င် မြန်မာတနိုင်ငံလုံးတွင် ကျပ်ငွေ - ၂၅၀၀ ဖြင့်ရောင်း ချလျှက်ရှိပါသည်။

ထိုင်းနိုင်ငံရောက် စာပေမိတ်ဆွေများအနေနှင့် ဘန်ကောက်မြို့အခြေစိုက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) ရုံးတွင် ဆက်သွယ်ဝယ်ယူနိုင်ပါသည်။
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ရှိ " မိုးစက်ပွင့် " စာပေဖြန့်ချိရေးဆိုင် တွင်လည်း ၀ယ်ယူရရှိနိုင်ပါသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ စာပေမိတ်ဆွေများ တယ်လီဖုံးနံပတ် - ၀၈၇၂၁၂၇၄၀၆ (ထိုင်းဖုံး) မှတဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

နိုင်ငံတကာမှတိုက်ရိုက်မှာယူလိုသူများအနေနှင့် ဦးဆောက်ပန်းစာပေ အမှတ် ( ၁/၅၁) အ-ထ-က (၁) ကျောင်းလမ်း - အမှတ်(၁)ရပ်ကွက် ဘားအံမြို့ ကရင်ပြည်နယ် - မြန်မာဖုံး ၀၅၈-၂၁၃၁၀ နှင့် ၀၉၅၆၆၁၂၃၁ သို့ ဆက်သွယ်နိုင်ပါသည်။
စာအုပ်အမှာစာ ရေးသားသည့် ကရင်အမျိုးသား သမိုင်းပါမောက္ခ ဒေါက်တာ စောထွန်းအောင်ချိန်က " ကရင့်အကြောင်းကို ပိုမိုသိရှိနားလည်စေရုံသာမက ကရင့်အကြောင်းကို ဆက်လက်လေ့လာစေရန် တွန်းအားပေးလိမ့်မည်ဟု မျှော်လင့်ပါသည် " ဟု ရေးသားထားသည်။
 
သတင်းနှင့်ဓာတ်ပုံ ကရင်အမျိုးသား(မီဒီယာ)

No comments:

Post a Comment