address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 28, 2014

သန်းခေါင်စာရင်းကောက်ရန် အစိုးရနှင့် မွန်ပြည်သစ် ပူးပေါင်းမည်


28.1.2014

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ လက်အောက်ရှိ ကျေးရွာများတွင် မတ်လအတွင်း သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းထားသည်ဟု မွန်ပြည်သစ်ပါတီ ထိပ်တန်းခေါင်းဆောင်များ နှင့် ပြည်နယ်လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတို့က ပြောသည်။

“သန်းခေါင်စာရင်းကောက်ဖို့ကိစ္စ ပြည်နယ်အစိုးရကနေတစ်ဆင့်လည်း မွန်ပြည်သစ်ခေါင်းဆောင်တွေ ကို ညှိနှိုင်းသလို၊ ကျွန်တော်တို့ လ၀ကကလည်း သူတို့ ခရိုင်အဆင့် တပ်မဟာအဆင့်စတဲ့ အောက်ခြေ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းထားကြပြီးပါပြီ”ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦး စီးဌာနမှ ဦးဝင်းရဲထွန်းက မဇ္ဈိမကို ပြောသည်။

ကောက်ခံသွားမည့် သန်းခေါင်စာရင်းတွင် ကျေးရွာအလိုက် အိမ်ထောင်ဦးစီးအမည်၊ ကျား၊ မ ပေါင်း လူ ဦးရေစာရင်းအား (ဆ-၂၀)ပုံစံဖြင့် ကောက်ခံမည်။

ထို့ပြင် စာရင်းကောက်တစ်ဦးသည် ၁၀ ရက်ခန့်အတွင်း ကောက်ယူနိုင်မည့် အိမ်ထောင်စု အရေအတွက် ၇၀ ခန့်မှ ၁၅၀ ခန့်အတွင်း ကောက်ကွက် တစ်ကွက် သတ်မှတ်သည်။ ကောက်ကွက်တစ်ကွက်လျှင် စာ ရင်းကောက်တစ်ဦး ထားရှိသွားမည်ဖြစ်ကာ ကောက်ကွက် အများဆုံးငါးကွက်လျှင် စာရင်းစစ်တစ်ဦး ထားရှိသွားမည်ဖြစ်သည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာပေါင်း၂၀ခန့်တွင် သန်းခေါင်စာရင်းကောက်ယူရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားပြီးသည်ဟုလည်း ပါတီတွဲဖက်အထွေထွေအတွင်း ရေးမှူး နိုင်ဇေယျက ပြောသည်။ “ဗဟိုအလုပ်အမှုဆောင်တွေအနေနဲ့ အဲဒီကိစ္စကို ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားကြပြီး ဖြစ်ပါတယ်။ လိုအပ်မယ့် သင်တန်းတွေပေးဖို့ ပြင်ဆင်နေတယ်”ဟု ပြောသည်။

သန်းခေါင်စာရင်းကောက်ယူရန် လျာထားသည့် နေရာများမှာ မွန်ပြည်သစ် ထိန်းချုပ်နယ်မြေအတွင်းရှိ ရေးချောင်းဖျား၊ ရေဖြူမြို့နယ်ရှိ ကျေးရွာများ ဖြစ်ကြပြီး စုစုပေါင်း ရွာ ၂၀ ခန့် ရှိသည်။

ဘုရားသုံးဆူ မြို့နယ်ခွဲအတွင်းရှိ ကျေးရွာပေါင်း ကိုးရွာနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရွာအချို့ လည်း သန်းခေါင်စာရင်းကောက်ယူစဉ် လုံခြုံရေးယူပေးနိုင်ရန် မွန်ပြည်သစ်ပါတီနှင့် ညှိနှိုင်းပြီးဖြစ်သည်။

Mizzima

No comments:

Post a Comment