address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, February 16, 2014

အပြောင်းအလဲ မရှိ သော (RCSS) ရဲ့ (၃)ကြိမ်မြောက်ညီလာခံပြီးဆုံး




16.2.2014

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် ၄င်းတို့၏ (၃)ကြိမ်မြောက် (၄)နှစ် ပတ်လည် ညီလာခံ ကို လွိုယ်တိုင်း လျန်း ဌာနချုပ် စခန်း တွင် ဖေဖေါ် ၀ါရီ (၁၄)ရက်နေ့ အတွင်း နှစ်ရက်တာ ကျင်းပ ပြီးဆုံးသွား သည်ဟု ပြော ရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင် မှ ဆိုပါသည်။

“ ပေါ်လစီ အပြောင်း အလဲ မရှိပါဘူး။ ကောင်စီ ဥက္ကဌ လည်း အပြောင်း အလဲ မရှိသေး ပါဘူး။ အရင်က အပစ် ခတ် ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေး ဖေါ်ေ ဆာင် ရေး ပေါ်လစီ ၆ ချက်ကိုပဲ ပြန်လည် ချမှတ်ခဲ့ ပါတယ်။” ဟု ဆိုပါသည်။

ညီလာခံသို့ ကိုယ်စား လှယ်ပေါင်း ( ၂၀၀)ကျော် တက် ရောက်ကြပြီး၊ မဲပေး သူပေါင်း (၁၉၉)ဦး ရှိပါသည်။ ညီလာခံ စတင် ကျင်းပသည့် ပထမနေ့ဖြစ် သည့် ဖေဖေါ်ဝါရီ (၁၃) ရက်နေ့တွင် ပင် ဥက္ကဌ ရွေးချယ်ပွဲ ကို ကျင်းပခဲ့ခြင်း ဖြစ်ပါ သည်။ ဥက္ကဌ သစ် ရွေးချယ်ရန် စရင်းတင်ပြ ထားသူများ မှာ (၁) စ၀်စိုင်းရီ၊ စ၀်သိရိ၊ စ၀်ကွဏ်းဇင့်၊ စ၀်ခေးငင်း နှင့် စ၀်ပေါင်းခေး တို့ဖြစ်ပါသည်။

ဥက္ကဌ ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ကမူ ၄င်းအရွေး မခံတော့ သည့် အတွက် ရွေးချယ်ခွင့် စရင်းတွင် တင်ပြ ထားခြင်း မရှိပေ။ သို့သော်လည်း ၄င်း သည် မုန်းတိုင် တပ်မတော် (MTA) ခေါင်းဆောင် ခွန်ဆာ အစိုးရထံ လက်နက် ချပြီး နောက်ပိုင်း ပြန့်ကျဲ သွားသည့် တပ်ဖွဲ့များအား ပြန်လည် စုစည်း နိုင်ခဲ့ခြင်း။ ထိုင်း အာဏာပိုင် များနှင့် ဆက်ဆံရေး ပြေလည်ခြင်း နှင့် အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် နည်းလမ်းခင်းနိုင်သူ ဖြစ်ခြင်းကြောင့် ၄င်းအား ပြန်လည် ရွေးချယ် ခဲ့ပြန်ပါသည်။

ဤသို့ကြောင့် ဥက္ကဌ ရာထူးအတွက် တင်ပြထား ခြင်းမရှိသော် လည်း ကိုယ်စားလှယ် များက ထောက်ခံမဲ (၁၄၇)မဲဖြင့် ပြန်လည် အတည်ပြု ခဲ့ပါသည်။ သို့သော် ကျန်းမာရေး အခြေအနေ ကြောင့် နောက်ထပ် ဥက္ကဌသက်တမ်း အရွေးခံ တော့မည် မဟုတ်ဟု ကြေညာ ထားပါသည်။

ဥက္ကဌသစ် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်အား ရွေးချယ်ပြီး နောက် ၄င်းတို့ ၏ ဖွဲ့စည်းပုံ စည်းမျဉ်းအရ ဥက္ကဌသည် ဗဟို အလုပ်အမှု ဆောင် (၁၁)ဦးနှင့် ဌာနကြီး မှူးများကို ရွေးချယ်ခဲ့ပြီး ညီလာခံက ပြန်လည် အတည်ပြု ပေးခဲ့ ပါသည်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် ဗမာပြည် ကွန်မြူနစ် ပါတီ ရှိ ရှမ်းတပ်များ၊ ရှမ်းပြည် ညီ ညွတ်သော တော်လှန် တပ်မတော် (SURA) နှင့် မုန်းတိုင် တပ်မတော် (MTA) အား စည်းရုံးပြီး ၂၀၀၅ ခုနှစ် မေလ (၂၁)ရက်နေ့ တွင် (SSNA)အဖြစ် ပူးပေါင်းဖွဲ့စည်း နိုင်ခဲ့ပါသည်။

ဥက္ကဌသစ် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် ၁၉၉၆ ခုနှစ်တွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)ကို ဖွဲ့စည်းခဲ့ပြီး ယနေ့အထိ ဥက္ကဌ တာဝန် ထမ်းဆောင် လာခဲ့ပါသည်။ ရှမ်းအမျိုးသား တော်လှန်းရေး ကိုမူ (၁၉၆၄) ခုနှစ် ကတည်းက စတင်တော်လှန် ခဲ့ကြောင်း ဆိုပါသည်။

အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် (၂၀၁၂) ခုနှစ် ဇန္နာဝါရီ (၁၆) ရက်နေ့တွင် အပစ်အခတ် ရပ်စဲ ခဲ့ပြီးပြည်ထောင်စု အဆင့်ဆွေးနွေး ပွဲများ ကျင်း ပနိုင်ခဲ့ပါသည်။ ဆက်ဆံရေးရုံး များကို ရှမ်းပြည်မြောက် ပိုင်းမူဆယ်မြို့ ၊ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့၊ ရှမ်းပြည်တောင်ပိုင်း မှတာချီ လိတ်မြို့နှင့် မိုင်းဆတ်မြို့ တို့ တွင်ထားရှိသည့် အပြင် တိုင်းဌာန ချုပ် တပ်များနှင့် ဆက်ဆံနိုင် ရန် တောင်းကြီးနှင့် အရှေ့အလယ်ပိုင်း တပ်ဖြစ်သော ခိုလမ်မြို့တို့တွင် လည်း ထားရှိခဲ့ ပါ သည်။ ထို့အပြင် စီးပွားရေး အရ ရှမ်းတောင်တန်း ချယ်ရီ ကုမ္ပဏီ ကိုလည်း တည်ထောင် ထားပါသည်။

ဤကဲ့သို့ ဆက်ဆံရေး ရုံးများရှိနေ သလို ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲပါ ကျင်းပခဲ့သော် လည်း အပစ်အခတ် ရပ်စဲ ချိန်မှ ယနေ့အထိ တိုက်ပွဲပေါင်း အကြိမ် (၁၅၀)ခန့်ပြန်လည် ဖြစ်ပွား ခဲ့ပါသည်။ အထူးသဖြင့် အစိုးရတပ်များသည် RCSS အား ၀င်တိုက်ခြင်း ဖြစ်ပါသည်။ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင် စီ (RCSS) သည် အင်အား (၈၀၀၀)ခန့် ရှိပြီး ရှမ်းပြည်တောင် ပိုင်း၊ အလယ် ပိုင်းနှင့် မြောက်ပိုင်း ဖက်တွင် လှုပ်ရှားနေပါသည်။

ရွှေဟင်္သာ

No comments:

Post a Comment