address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, February 26, 2014

သန်းခေါင်စာရင်းကောက်ယူပြီးမှသာ တိုင်းရင်းသား ၁၃၅ မျိုး ပြင်ဆင်ပယ်ဖျက်ခြင်းအတည်ပြုနိုင်မည်ဟုဆို



26.2.2014

မြန်မာနိုင်ငံတွင် လက်ရှိ သတ်မှတ်ထားသော တိုင်းရင်း သား ၁၃၅ မျိုး၏ အမည်စာရင်း များ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း တို့ကို ယခုနှစ် ဧပြီလတွင် ပြုလုပ်မည့် ပြည်လုံးကျွတ် သန်း ခေါင်စာရင်း ကောက်ယူပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးဝင်းမြင့်က ယမန်နေ့က ပြုလုပ်သည့်အမျိုးသားလွှတ်တော် တွင် ရှင်းလင်းပြောကြားသည်။

ထိုသို့ တိုင်းရင်းသား ၁၃၅ မျိုး၏ အမည်စာရင်းကို ပြန်လည် ပြုပြင်ရန်မှာ လက်ရှိအချိန်အခါ အထိ တရားဝင်ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ကိစ္စရပ်များကို ထပ်မံအတည်ပြုထားခြင်းမရှိ သေးသော်လည်း မူလရှိစာရင်း ကိုလည်း တရားသေမှန်ကန် ကြောင်း အတည်ပြုထားခြင်း မဟုတ်ကြောင်း၊ သို့သော် မြေ ပြင် အခြေအနေနှင့် မှန်ကန် ကိုက်ညီမှု ရှိမရှိ ပြန်လည်စိစစ် ရန်အတွက် လူဦးရေရှိရင်းကိန်း ဂဏန်းအပေါ်အခြေခံ၍ ယခုပြု လုပ်မည့် သန်းခေါင်စာရင်း ကောက်ခံမှုသည် ကနဦးအဆင့် စတင်ဆောင်ရွက်ခြင်းသာ ဖြစ် ကြောင်း ဦးဝင်းမြင့်က ရှင်းလင်း ချက်တွင် ထည့်သွင်းပြောကြား သည်။

ယင်းတို့အားပြင်ဆင်အတည် ပြုနိုင်ရန်အတွက် ရှိပြီးဖြစ်သော လက်ရှိအချက်အလက်များအပေါ် အခြေခံရမည်ဖြစ်ကြောင်း၊ ထို အပေါ်တွင်အခြေမခံပါက အခြား အခြေခံရမည့် တရားဝင်အတည် ပြုထားသော အချက်များလည်း မရှိသေးသဖြင့် ယခုကဲ့သို့ သန်း ခေါင်စာရင်းကောက်ယူမှု ကနဦး အဆင့်ကို ဆောင်ရွက်ရခြင်းဖြစ် ကြောင်းသိရသည်။

ယခင်က မြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသားမျိုး နွယ်စုစာရင်းများကို သတ်မှတ် ပြုစုရာတွင် ၁၉၃၁ ခုနှစ်ဗြိတိသျှ အစိုးရလက်ထက်က သန်ခေါင်း စာရင်းကောက်ယူမှု ဖော်ထုတ် တွေ့ရှိသည့် လူမျိုးစုစာရင်းအရ လည်းကောင်း၊ ၁၉၅၃-၅၄ ခုနှစ် စာရင်းအရ လည်းကောင်း၊ ၁၉၆၁ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းစာပေ နှင့်ယဉ်ကျေးမှုရုံး၏အကြုံပြုချက် နှင့် မြန်မာနိုင်ငံသမိုင်းကော်မရှင် ၏အကြံပြုချက်အရလည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသား လူမျိုးစုရေးရာ ကော်မတီ၏ ညှိနှိုင်းချက်အရ လည်းကောင်း၊ တိုင်းရင်းသားလူ မျိုးစုစာရင်းအား အဆင့်ဆင့် ဖော်ပြခဲ့ခြင်းများလေ့လာတွေ့ရှိ ချက်အရ ၁၉၇၃ ခုနှစ်ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက် ယူရာတွင်လည်းကောင်း၊ထို့အပြင် ၁၉၈၃ ခုနှစ်ကောက်ယူမှုတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အခြေခံ၍ ဆောင်ရွက်ခဲ့သည် သာတွေ့ရှိရသည်ဖြစ်သောကြောင့် ထိုသို့စာရင်းအား ပြန်လည်ပြင် ဆင်သွားရန်အတွက် သန်းခေါင် စာရင်းကောက်ယူပြီးစီးသည့်အခါ ရရှိမှုအပေါ်မူတည်၍ လျော့နည်း ကွယ်ပျောက်၊ တိုးပွားလာမှုရှိမရှိ နှင့်အမည်သတ်မှတ်ချက် သတ် ပုံသတ်ညွှန်းမှအစမှန်ကန်ကိုက် ညီမှုရှိမရှိတို့ကိုပြန်လည် အတည် ပြုသွားနိုင်မည်ဖြစ်ကြောင်း သိရ သည်။

ထိုကဲ့သို့ ဒုတိယဝန်ကြီး၏ ရှင်းလင်းပြောကြားခြင်းမှာယမန် နေ့ပြုလုပ်သည့် အမျိုးသားလွှတ် တော် နဝမပုံမှန်အစည်းအဝေး ၁၆ရက်
မြောက်နေ့၌ရန်ကုန်တိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ် (၄)မှ လွှတ်တော်ကိုယ်စားလှယ်ဒေါက် တာမြတ်ဥာဏစိုးက သန်းခေါင် စာရင်းဆိုင်ရာကိစ္စရပ်တို့နှင့်စပ် လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်း
မေးမြန်းချက်ကိုပြန်လည်ရှင်းလင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

The Union Daily

No comments:

Post a Comment