address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, February 18, 2014

ဝန်ကြီးချုပ်ရုံးကို ၀င်စီးမည်ဟု ထိုင်းဆန္ဒပြသမားများ ခြိမ်းခြောက်




18.2.2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆန္ဒပြလယ်သမားတွေက ၀န်ကြီးချုပ်ရုံးကို ဒီနေ့ ၀ိုင်းထားလိုက်ပြီး ရုံးကို ၀င်စီးမယ်လို့ ခြိမ်းခြောက်နေပါတယ်။

ရဲတွေက ဘန်ကောက်မြို့ပ်ါက သပိတ်စခန်းတွေ ပြန်သိမ်းဖို့ ကြိုးစားနေတာကို အာခံတဲ့ အနေနဲ့ အစိုးရအိမ်တော်၊ ၀န်ကြီးချုပ်ရုံးတ၀ိုက်ကို ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေက ၀ိုင်းထားလိုက်ပါတယ်။

ဒါဟာ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေကို ရုံးတက်လို့ မရအောင် ပိတ်ထားတဲ့ သဘောဖြစ်တယ်လို့ ပြောပါတယ်။ ဆန္ဒပြပွဲတွေကြောင့် ၀န်ကြီးချုပ်ယင်းလပ်ဟာ ဇန်န၀ါရီလကစလို့ ၀န်ကြီးချုပ်ရုံးမှာ အလုပ်မလုပ်နိုင်တော့ဘဲ ကာကွယ်ရေးဝန်ကြီးဌာန ၀င်းထဲမှာ ရုံးတက်နေရပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ မနုတ်ထွက်မချင်း ဆန္ဒပြနေမယ်လို့ ဆန္ဒပြသမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း ဆန္ဒပြသမားတွေ ပိတ်ထားတဲ့ အစိုးရရုံးတွေနဲ့ ဘန်ကောက်မြောက်ဘက်က လမ်းတွေကို ပြန်ဖွင့်ဖို့ မနေ့က ရဲတပ်ဖွဲ့ရဲ့ ကိုယ်စားလှယ်နဲ့ ဆန္ဒပြသမားတွေ ညှိနှိုင်းခဲ့ပေမယ့် မပြေလည်ခဲ့ပါဘူး။

ပြီးခဲ့တဲ့လတွေအတွင်း ဆန္ဒပြသမားတွေနဲ့ ထိပ်တိုက်မတွေ့အောင် ရဲအဖွဲ့က ကြိုးစားနေတဲ့ကြားက အဓိကရုဏ်းနဲ့ ချောင်းမြောင်းပစ်ခတ်မှုတွေအတွင်း လူ ၁၁ ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၀ အတွင်းကလည်း ဒီမိုကရက်ပါတီရဲ့ အစိုးရ အာဏာယူထားစဉ်မှာ သက်ဆင်ကို ထောက်ခံတဲ့ ဆန္ဒပြသမားတွေကို နှိမ်နင်းရာမှာ လူဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

DVB

No comments:

Post a Comment