address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, February 21, 2014

ပြည်တွင်း မတည်ငြိမ်သေးစဉ် ဂျိုက်ကာဖွံ့ဖြိုးရေးလုပ်ငန်းကို စိုးရိမ်


21.2.2014

မွန်နှင့် ကရင်ဒေသတို့အတွက် ရေးဆွဲထားသော “မြန်မာပြည်အရှေ့တောင်ပိုင်းအတွက် ဂျပန်အစိုးရ၏ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ ဖွံ့ဖြိုးရေးအစီအစဉ်စာတမ်း” သည် လစ်ဟာမှုများစွာရှိသဖြင့် စာတမ်းအတိုင်း စီမံကိန်း အကောင်အထည်ဖော်မည့်အပေါ် စိုးရိမ်မိ ကြောင်း ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုကွန်ရက်မှ ဒု-တာဝန်ခံ စောအဲလက်စ်က ပြောသည်။

“ဒီဖွံ့ဖြိုးရေးအစီစဉ်ကို ကရင်ဒေသကပဲ ဒေသခံလူတွေ ဘယ်လောက်သိလဲ၊ ဒေသခံအဖွဲ့အစည်းတွေ ဘယ်လောက်သိလဲ၊ ဒါတွေက မေးခွန်းထုတ်စရာဖြစ်တယ်။ စာတမ်းပါအချက်အလက်တွေက ပြည့်စုံမှု မရှိဘူး။ ဒေသခံတွေ အကျိုးအတွက် ထိခိုက်နိုင်တာတွေပါလို့ စိုးရိမ်မိတယ်”ဟု စောအဲလက်စ်က ပြော သည်။

JICA မှ ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် ထုတ်ပြန်ခဲ့သော စာမျက်နှာ ၅၉၃ မျက်နှာပါရှိသည့် “မြန်မာ ပြည် အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသား လူနည်းစုများအတွက် ပေါင်းစည်းနယ်မြေ ဖွံ့ဖြိုးရန် အကြိုကွင်း ဆင်းလေ့လာချက်” စာတမ်းတွင် ပြည်တွင်းငြိမ်းချမ်းရေး မတည်ငြိမ်မှုရှိနေသည့် ကရင်ပြည်နယ်အတွက် နှစ်ပေါင်းများစွာ ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ထည့်သွင်း သုံး သပ်ထားခြင်း မရှိခြင်းမှာလည်း အရေးကြီးသောအချက်ဟု သူက ဆိုသည်။

JICA မှ ထုတ်ဝေထားသော စာတမ်းတွင် မွန်နှင့် ကရင်ပြည်နယ်များအတွင်း လက်ရှိ သဘာဝပတ်ဝန်း ကျင်၊ စီးပွားရေး၊ လူမှုရေး၊ အခြေခံအဆောက်အအုံနှင့် ၀န်ဆောင်မှုအခြေအနေတို့ကို ကွင်းဆင်းလေ့ လာခြင်း၊ မြန်မာအစိုးရ၏ လက်ရှိဖွံ့ဖြိုးရေးပေါ်လစီနှင့် အစီအစဉ်တို့ကို အကွက်ဖော်ချပြခြင်း၊ ဒုက္ခသည် နှင့် ပြည်တွင်းပုန်းရှောင်သူများ နေရပ်ပြန်လည်နေထိုင်ရေးနှင့် နေရာချပေးခြင်းအတွက် ဖွံ့ဖြိုးရေးလမ်း ညွှန်များ စီမံကိန်းလုပ်ငန်းများ အဆိုပြုခြင်းတို့ ပါဝင်သည်။

Mizzima

No comments:

Post a Comment