address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, February 28, 2014

ဟတ်ကြီးဆည်ကိစ်္စ လတ်တလောဆုံးဖြတ်ဦးမည်မဟုတ်ဟုKNU ဆို




28.2.2014

အပစ်အခတ်ရပ်စဲရေး လက် မှတ်ရေးထိုးပြီးသော်လည်း ဟတ်ကြီး ရေကာတာတည်ဆောက်ရေးစီမံ ကိန်းပြန်လည်စတင်ရန် လတ်တ လောကာလ၌ဆုံးဖြတ်ဦးမည်မ ဟုတ်ဟု ကရင်အမျိုးသားအစည်း ရုံး (KNU) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုစောတာတိုမူး ကပြောသည်။

အပစ်ရပ်ရေး လက်မှတ်ရေး ထိုးပြီးနယ်မြေတည်ငြိမ်မှ စတင် မည်ဟုဆိုသော်လည်းဟတ်ကြီးရေ ကာတာကို နယ်မြေလုံခြုံရေးနှင့် ပဋိက္ခများမဖြစ်စေရန်အတွက် ရပ်ဆိုင်းရန် ကရင် အမျိုးသား အစည်းအရုံးက လက်ရှိအချိန် အထိ ညွန်ကြားထားကြောင်း သိရသည်။

““လုံခြုံရေးကအကြောင်းတစ် ခုပေါ့။ ပြီးခဲ့တဲ့နှစ်တွေကတည်ငြိမ် မှုပျက်ပြားစေတဲ့ အဖြစ်အပျက် တွေရှိခဲ့တော့ဒါကိုရပ်ဆိုင်းဖို့အကြံ ပြုခဲ့တာပါ။ အခုငြိမ်းချမ်းရေး တည်ဆောက်မှုတွေလုပ်နေတော့ အကယ်၍နယ်မြေတည်ငြိမ်အေး ချမ်းရင်ပြန်လုပ်တာ မလုပ်တာကို စဉ်းစားသွားမှာပါ။ အခုလော လောဆယ်တော့စီမံကိန်းပြန်လုပ် ဖို့ မလုပ်ဖို့ ကျွန်တော်တို့ထဲမှာ တောင် မဆုံးဖြတ်ရသေးပါဘူး”” ဟုဖဒိုစောတာတိုမူးကပြောသည်။

ထို့ပြင်သယံဇာတခွဲဝေသုံးစွဲ ရေး ကိစ်္စရပ်များကိုအစိုးရနှင့် ညှို နှိုင်းလုပ်ဆောင်နေသော်လည်း လတ်တလောတွင်အောင်မြင်အုံး မည်မဟုတ်ကြောင်းနှင့် ဆည်စီမံ ကိန်းမှရရှိမည့်အကျိုးရလဒ်ထက် ဖြစ်ပေါ်လာမည့်ဆိုးကျိုးရလဒ်များ က ကရင်ပြည်သူလူထုအပါအ၀င် မြန်မာနိုင်ငံပြည်သူလူထုအတွက် မည်မျှအကျိုးသက်ရောက်သည်ကို ပါ ထည့်သွင်းစဉ်းစားရန်လိုကြောင်း ၎င်းင်းကဆိုသည်။

အဆိုပါဟတ်ကြီးရေကာတာ ကို ရေအားလျှပ်စစ်စွမ်းအင် ၁၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် မြန်မာ နိုင်ငံမThe Sate-run Myanmar Electric Power Enterprise ကုမ္ပ ဏီ၊တရုတ်နိုင်ငံမSino-hydro Corporation ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ မှ Electricity Generating of Thailand (EGAT) ကုမ္ပဏီတို့က ၂၀၀၆ခုနှစ်တွင်သဘောတူလက် မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

““ဒီဟာက တပ်မဟာ ၅ နယ်မြေထဲမှရှိတဲ့အတွက်ငြိမ်းချမ်း ရေးပီပီပြင်ပြင်မဖြစ်သေးဘူးဆို တော့ ငြိမ်းချမ်းရေးရမှ လုပ်ပါလို့ တင်ပြလာလို့သူတို့ဆန်္ဒအတိုင်း လက်ခံခဲ့တာ။ ဒီစီမံကိန်းက လျှပ် စစ်ဓာတ်အားတော့ရမယ်။ဒါပေမဲ့ ဒေသခံတွေအတွက်ဘယ်လောက် အထောက်အကူပြုမလဲပြန်စဉ်း စားရမယ်။ ပြီးတော့နည်းပညာပိုင်း ကလည်း နိုင်ငံခြားကဆိုတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စ တွေနဲ့လည်းပြန်ကြည့်ရမယ်။ လတ်တလောပြန်လုပ်ဖို့မရှိဘူး”” ဟုကရင်ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစောကြည်လင်းကပြောသည်။ အဆိုပါစီမံကိန်းသည် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကုန်ကျမည် ဟုခန်မှန်းထားပြီးလမည့် ၂၀၁၉ ခုနှစ်တွင်လျှပ်စစ်စွမ်းအင်များထုတ် လုပ်ကာ ထိုင်းနိုင်ငံသို့ မဂ္ဂါဝပ် ၁၀၀၀ကျော် ရောင်းချမည်ဖြစ်ပြီး ကျန်သည့် လျှပ်စစ်ဓာတ်ကို ပြည် တွင်းသို့ဖြန့်ဖြူးမည်ဖြစ်ကြောင်း၊ ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ဟတ်ကြီးရေကာတာစီမံကိန်းအတွင်းKNU ၀င်ရောက်ပစ်ခတ်ခြင်းကြောင့် EGAT ကုမ္ပဏီမှဝန်ထမ်းနှစ်ဦး သေဆုံးသည်ဟုသတင်းများထွက်ပေါ် ခဲ့ကြောင်း၊ အဆိုပါကိစ္စများကိုKNU က ၎င်းတို့လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဟုငြင်းဆိုခဲ့ပြီး ဒေသလုံခြုံ ရေးအတွက်KNU က အဆိုပါ စီမံကိန်းကို ရပ်ဆိုင်းရန် ၂၀၁၁ ခုနှစ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

““တိုင်းရင်းသားအဖွဲ့အစည်း တွေက သူတို့ဒေသကိုဖွံ့ဖြိုးစေချင် တယ်။ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့် တွေကိုလေးစားမယ်ဆိုရင် ဟတ် ကြီးရေကာတာက အဆင်ပြေသွား မှာပါ။ ဖွံ့ဖြိုးရေးတွေ မြန်မြန်လုပ် နိုင်ရင်တော့ လူထုဆင်းရဲနွမ်းပါး မှုပပျောက်ပါလိမ့်မယ်””ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ထိပ်တန်းဗဟိုကောင်စီဝင် ဗိုလ်မှူး ချုပ်ဒေါက်တာတင်မိုသီကပြော သည်။

ထို့ပြင် ဟတ်ကြီးရေကာတာ တည်ဆောက်မည်ဆိုပါက ဒေသခံ ပြည်သူများ၏စားဝတ်နေရေးများ ခက်ခဲလာနိုင်သည့်အတွက်ဆည်စီမံ ကိန်းကိုလုံးဝလက်မခံနိုင်ကြောင်း ဒေသခံများကဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် များရှိသည့်နယ်မြေများအတွင်း အစိုးရနှင့် ပြည်တွင်းပြည်ပကုမ်္ပဏီ များမှ ဆောင်ရွက်သည့်စီးပွားရေး လုပ်ငန်းများနှင့် စီမံကိန်းများစွာ ရှိပြီး၊ စီမံကိန်းအချို့မှာ တိုင်းရင်း သားလက်နက်ကိုင်များသဘောတူ သည့်အတွက်ရပ်ဆိုင်းထားရခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးဆိုင်ရာညှိုနှိုင်းရေးအဖွဲ့ (NCCT) က ရေးဆွဲထားသည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘော တူစာချုပ်မူကြမ်းတွင်လည်း တိုင်းရင်း သားဒေသများအတွင်းစီမံကိန်းများ ဆောင်ရွက်မည်ဆိုပါက လက်နက် ကိုင်အဖွဲ့အစည်းများနှင့်တွေ့ဆုံ ဆွေးနွေး၍ခွင့်ပြုချက်ရယူပြီးမှ လုပ်ဆောင်ရန်ဆိုသည့်အချက်ကို တိုင်းရင်းသားလက်နက်ကိုင်များက ထည့်သွင်းရေးဆွဲထားပြီးအစိုးရနှင့် အတည်ပြုလက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

မျိုးသူ(မြစ်မခ)
The Hot News Weekly

No comments:

Post a Comment