address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, February 21, 2014

သမီးကလေးပြဿနာသည် အစိုးရနှင့် D.K.B.A တို့အကြား မည်သည့်ပြဿမျှမရှိနိုင်သော်လည်း အစိုးရဂုဏ်သိက္ခာ ကျဆင်းစေနိုင်




21.2.2014

အစိုးရမှအင်အားသုံး ဖြေရှင်းခဲ့သော လှည်းခူးမြို့နယ် သမီးလေးကျေးရွှာကိစ္စနှင့် ပတ်သက်၍ တိုင်းရင်သား လက်နက်ကိုင် D.K.B.A က ဝင်ရောက်ကူညီမှုသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ D.K.B.A နှင့် အစိုးရ တို့ကြား မည်သည့်ပြဿနာမှ မရှိနိုင်ကြောင်း မွန်ကရင် ကလိုထူးဘော စစ်ဗျုဟာအဖွဲ့မှ ဗိုလ်မှူးစောအောင် ကိုကို က ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပြောကြားထားပြီး လေ့လာစောင့်ကြည့်သူများကမူ လက်ရှိအစိုးရ၏ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်ကြောင်း သုံးသပ်လျက်ရှိကြသည်။

သမီးလေးကျေးရွှာအား အစိုးရမှ ကျူးကျော်တဲများဟုဆိုကာ အင်အားသုံးဖြေရှင်းခဲ့ကြောင့် အိပ်ခြေ ၄၀၀ ကျော်နှင့် အိမ်စု ၁၀၀ ကျော်နှင့် လူပေါင်း ၁၀၀၀ ကျော် အိုးမဲ့အိပ်မဲ့ဖြစ်ခဲ့ရာပြီး ယင်းကဲ့သို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ဖြစ်ခဲ့သူများအား တိုင်းရင်သား လက်နက်ကိုင် D.K.B.A က ဝင်ရောက်ကူညီခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အထက်လူကြီးက ခိုင်းလို့လုပ်တာ ဒါနဲ့ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးထိခိုက်နိုင်မယ်လို့တော့ မထင်ဘူး နောက်ပြီးတော့ ကျွန်တော်တို့အထက်လူကြီးတွေက ပြည်သူလူကိုဘယ်တော့မှ ဒုက္ခရောက်အောင် ဘယ်တော့မှ မလုပ်ဘူးဆိုတာ ယုံတယ်” ဟု စစ်ဗျုဟာအဖွဲ့မှ ဗိုလ်မှူးစောအောင် ကိုကို ကဆိုသည်။

လှည်းခူးမြို့နယ် သမီးလေးကျေးရွှာမှ ကျေးရွှာမှပြည်သူလူထုအား ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တိုင်းရင်သား လက်နက်ကိုင် D.K.B.A သွားရောက်ခေါ်ဆောင်ခဲ့သော်လည်း သမီးလေးကျေးရွှာမှ ကျေးရွှာမှပြည်သူလူထု သည် လိုက်ပါသွားခြင်းမရှိကြောင်းကိုလည်း သိရသည်။

တိုင်းရင်သား လက်နက်ကိုင် D.K.B.A အနေဖြင့် ယင်းကဲ့သို့ ခေါ်ဆောင်လိုပါက အစိုးရမှ တာဝန်ရှိသူများနှင့်ညှိ ပြီးမှသာ ခေါ်ဆောင်သင့်ပြီး တည်ဆဲဥပဒေများကိုလည်း မချိုးဖောက်သင့်ကြောင်း မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော် ဆောင်ရေးဗဟိုဌာနမှ ငြိမ်းချမ်းရေး အကြံပေးပုဂ္ဂိုလ် ဒေါက်တာမင်းဇော်ဦးက ပြောသည်။

“မြန်မာပြည်မှာနေတဲ့သူက လွပ်လပ်စွာ နေထိုင်ပိုင်ခွင့်ရှိတယ်။ ဒါတွေဟာ သူတို့ရဲ့ရွေးချယ်ပိုင်ခွင့်ပဲ ကျွန်တော်တို့ တားလို့ မရဘူး ဒီလိုလုပ်မယ်ဆိုလည်း အစိုးရနဲ့အရင် ညှိနှိုင်းသင့်တယ် တစ်ဖက်နဲ့တစ်ဖက် အမြင်တွေမစောင်း စေချင်ဘူး ” ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

၂၀၁၄ ခုနှစ် ဇန်နဝန်ရီလမှ ဖေဖော်ဝါရီလ အထိ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ တွံတေးမြို့နယ် အချို့တွင်ရှိသော ကျူးကျော်တဲ အများစုအား ဖျက်သိမ်းမှုများရှိခဲ့ ကြောင်းကိုလည်း သိရသည်။

မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌဖြစ်သည့် အချိန်တွင် ကျူးကျော်တဲများအား အင်အားသုံးဖြေရှင်းခြင်းကို မပြုလုပ်သင့်ဘဲ ကျူးကျော်တဲများ ပြဿနာအား ဖြေရှင်းရာတွင် သုတေသန လုပ်ကာ စုံစမ်းစစ်ဆေးပြီးမှာ ဖယ်ရှားဆောင်ရွှက် သင့်ကြောင်း အစိုးရမှ အင်အားသုံးဖြေရှင်းခဲ့သော လူများအား တိုင်းရင်သား လက်နက်ကိုင်တပ်ဖွဲ့မှလာရောက် ခေါ်ဆောင်ခြင်းသည် အစိုးရ၏ ဂုဏ်သိက္ခာများကျဆင်းကြောင်း Generation Wave အဖွဲ့မှ ကိုမိုးသွေးကပြောသည်။

“အစိုးရက ကျူးကျော်တဲလိုဆိုပြီးတော့ နေစရာမရှိတဲ့ သူတွေကို ဒီလိုလုပ်တာတော့ ဘယ်လိုမှ မဖြစ်သင့်ဘူး သူတို့ဟာ နေစရာမရှိလို့ သာဒီလိုနေရတာ သမီးလေးကျေးရွာကိစ္စမှာ ဆိုလည်းဒီအတိုင်းပဲ အစိုးရကအင်အား သုံးဖြေရှင်းတယ် ဒါကိုတိုင်းရင်းသား လက်နက်ကိုတပ်ဖွဲ့က ကူညီတယ် ဒါအစိုးရအတွက် ကောင်းဘူး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က ကူညီတာကိုတော့ ကျွန်တော်တို့အနေနဲ့တော့ ကျေးဇူးတင်တယ်” ဟု ကိုမိုးသွေးက ဆိုသည်။

အစိုးရမှကျူးကျော်တဲများဟုဆိုကာ အင်အားသုံးဖြေရှင်းလိုက်သော အိမ်ခြေ ၄၀၀ ရှိ သမီးလေးကျေးရွှာသည် ယခုလက်ရှိ ပဲခူးမြို့နယ်၊ အောင်သိဒ္ဓိဘုန်းတော်ကြီးပညာသင်ကျောင်းတွင် နေထိုင်လျက်ရှိပြီး ယင်းနေရာသည် အလိုင်နီဆည်နှင့် နီးနေသည့်အတွက် ဆယ်ကျိုးပေါက်မည့်စိုးကာ ယင်းနေရာမှထပ်မံ ဖယ်ရှားခိုင်းခြင်းမျိုးရှိနေသည်။

သမီးလေးကျေးရွှာ မှပြည်သူများသည် လက်ရှိတွင် အစိုးရ၏ပြန်လည်နေရာချထားပေးမှုအားပြန်လည်စောင့် ဆိုင်းနေလျက်ရှိပြီး အစိုးရမှ ၎င်းတို့အားနေရာပြန်လည် မချထားပေးမှာသာ တိုင်းရင်သား လက်နက်ကိုင် D.K.B.A ခေါ်ဆောင်ရာသို့ လိုက်သွားမည်ဖြစ်ပြီး ယင်းရက်ကိုလည်း ကျောင်းသားများ စာမေးပွဲပြီးလာမည့် မတ်လလယ်တွင် ဆုံးဖြတ်ထား ကြောင်းကိုလည်း သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment