address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, February 18, 2014

တိုင်းရင်းသား အဖွဲ့စည်းများက ၂၀၁၄ သန်းခေါင် စာရင်းကောက်ယူခြင်းနှင့်ပက်သက်ပြီး ပူးပေါင်းကြေညာချက်ထုတ်ပြန်


18.2.2014

မြန်မာနိုင်ငံဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရန်စီစဉ်ဆောင်ရွက်ခြင်းနှင့်ပက်သက်ပြီး
တိုင်းရင်းသား အဖွဲ့စည်းများကပူးတွဲ ထုတ်ပြန်ချက်ထုတ်ပြန် လိုက်ပါသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် သန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးအမည်အတွက်အသုံးပြုသည့်ကုတ် ( code) များသတ်မှတ်ရာတွင် မျိုးနွယ်စုအမည်များမှားယွင်းလွဲချော်နေကြောင်း – မျိုးနွယ်စုအမည်မဟုတ်သည်များကို မျိုးနွယ်စုအမည်အဖြစ် ရေးသားဖော်ပြထားကြောင်း- မျိုးနွယ်စုနှစ်ခုကို တစ်ခုတည်းအဖြစ် ရေးသားဖော်ပြထားကြောင်း-၁၃၅ လူမျိုးစုစာရင်းကဲ့သို့သော မျိုးနွယ်စုစာရင်းခွဲပါက ပါဝင်သင့်သောမျိုးနွယ်စုအမည်များကျန်ရစ်ခဲ့ကြောင်း စသည်ဖြင့် ပါဝင်သည်။

“ကရင်တိုင်းရင်းသားတွေရဲ့မျိုးနွယ်စုထဲက Kebar က အမှန်တကယ်လည်း အထောက်အထား ၁၅ ချက်လောက်နဲ့ လ၀က ဥပဒေမှာလည်း ကရင်လူမျိုးဖြစ်တယ် သို့သော် သန်းခေါင်စာရင်းကောက်ယူတဲ့နေရာမှာ တခြားမျိုးနွယ်စုထဲ ထည့်ထားတာ တွေ့ရပါတယ်။ မိမိတို့ ကရင်မျိုးနွယ်စုထဲက တစ်မျိုး မပပျောက်ဖို့အတွက် ဒီဟာကို တောင်းဆိုတယ်။ သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်ရီနဲ့တွေ့တဲ့အခါမှာ ဒါလေးပြန်ပြင်ပေးပါလို့ဆိုတော့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို ပြင်ပေးပါ့မယ် တိုင်းရင်းသားတွေအားလုံးက မကန့်ကွက်ဘူးဆိုရင် ပြင်ပေးပါ့မယ်လို့ ပြောတယ်။ ဖြစ်ချင်တာကတော့ ဒီဟာလေးတွေကို သန်းခေါင်စာရင်း မကောက်ခင်မှာ ပြင်စေချင်တယ် ။ မျိုးနွယ်စုတစ်စု မပပျောက်ဖို့နဲ့ သန်းခေါင်စာရင်း မကောက်ယူခင်မှာပြင်ဆင်ပေးဖို့ တောင်းဆိုပါတယ် ” ဟု ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်သော တိုင်းရင်းသားအဖွဲ့စည်းတွင် ပါဝင်သူ ကရင်တိုင်းသား တစ်ဦးက ပြောသည်။

ယင်းအပြင်ဗဟိုသန်းခေါင်စာရင်းကော်မရှင်အနေနှင့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တစ်ချိန်ထဲ တစ်ပြိုင်တဲ အလျင်အမြန်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းပေးရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးပြီးသည်အထိ
လုံလောက်သောပြင်ဆင်မှု ရရှိပီးမှသာ သန်းခေါင်စာရင်းစတင်ကောက်ယူရန် စသည်ဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကျွန်မတို့ ကချင်လူမျိုးတွေကတော့ ဒီဟာကိုရွေ့ဆိုင်းဖို့ ပြေပြေလည်လည် လုပ်ပေးဖို့မနက်ဖြန် ကောက်မယ်ဆိုရင် ဒီနေ့အချိန်ထိ ဆက်ကြိုးစားသွားမယ် ပီးတော့ ဒီနေ့တို်င်းရင်းသားအားလုံးရဲ့ စုပေါင်းပီး လုပ်ဆောင်တာ ပထမဦးဆုံး အချိန်ဖြစ်ပါတယ်။ သန်းခေါင်စာရင်းကိုသာ လွှတ်ပေးလိုက်ရင် နောက် အနှစ် ၂၀ လောက်ဒီပြဿနာက သွားနိုင်ပါတယ်။ ဒါကြောင့်တတ်နိုင်သမျှ ရွေ့ဆိုင်းပေးဖို့ တောင်းဆိုတာပါ။ ပျက်စီးဖို့တောင်းဆိုတာ မဟုတ်ဘူး ဖျက်သိမ်းဖို့တောင်းဆိုတာ မဟုတ်ဘူး ။ အားလုံးပျော်ရွှင်စွာနဲ့မြန်မာနိုင်ငံနဲ့ အသင့်တော်ဆုံး ဖြစ်ဖို့အတွက်တောင်းဆိုတာပါ”ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ မခွန်ဂျာက ပြောသည်။

တိုင်းရင်းသားအဖွဲ့အစည်းများ၏ ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပက်သက်ပြီးပူးတွဲထုတ်ပြန်ချက်တွင်
တင်ပြတောင်းဆိုသည့် တိုင်းရင်းသား အဖွဲ့အစည်းပေါင်း အဖွဲ့ ၃၀ ပါဝင်ကြောင်း သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment