address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, February 20, 2014

ထိုင်းနိုင်ငံတွင် စိတ်ကြွမူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိ




20.2.2014

ထိုင်းနိုင်ငံ Kanchanaburi ပြည်နယ်၊ Tha Maka ခရိုင်အတွင်း၌ ဖေဖော်ဝါရီ (၁၃)ရက်နေ့တွင် DKBA နှုတ်ခမ်းမွှေးအဖွဲ့ဝင်များထံမှ စိတ်ကြွမူးယစ် ဆေးဝါးနှင့် လက်နက်များကို ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်း သိရှိ ရသည်။

ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ မူးယစ်ဆေးဝါ ရောင်းဝယ်သူများမှာ DKBA ခွဲထွက်အဖွဲခေါင်းဆောင် နူတ်ခမ်းမွှေး၏ အဖွဲ့ဝင်များ ဖြစ်ကြောင်း ၊ ၄င်းအဖွဲ့များသည်Tha Maka ခရိုင်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချမှု များ ပြုလုပ်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဘုရားသုံးဆူ ဘက်ခြမ်းမှ ထိုင်းနိုင်ငံ Kanchanaburi ပြည်နယ် Sangkhla Buri ခရိုင် အတွင်းရှိ ကျေးရွာများသို့ မူးယစ်ဆေးဝါးများ မှောင်ခို တင်သွင်းမည်ဟု သတင်းရရှိသဖြင့် ခြေရာခံ စောင့်ဆိုင်းနေစဉ် ယခုလို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။

ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များ အခြေစိုက်သည့် ဝေါ်လေတပ်စခန်း တည်ရှိရာ ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား (ရာဘ) အလုံးရေ ၉ ဒဿမ ၄ သန်း ဖမ်းဆီး ရရှိခဲ့မှုနှင့် ပတ်သက်၍ ဗိုလ်ချုပ် စောလားပွယ်တွင် တာဝန်ရှိသည်ဟုဆိုကာ ၂၀၁၂ခုနှစ် ဧပြီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံရှိ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ် အဖွဲ့ရုံး(ONCB)က ဗိုလ်နူတ်ခမ်းမွေး(ခ) ဗိုလ်ချုပ် စောလားပွယ် ကို မူးယစ် ဆေးဝါး နှင့် ပတ်သက်၍ ဖမ်းဆီးရန် ဆုငွေ ထိုင်းဘတ်(၁)သန်း (ဒေါ်လာ ၃၂၀၀၀)ခန့် ထုတ်ခဲ့ဖူး ကြောင်း သိရှိရသည်။

စိုင်းအောင်ဝင်း

ထိုင်း မူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး (ONCB) အကြီးအကဲဖြစ်သူ ထိုင်း ဒု ဝန်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းနှင့် ဗိုလ်မှူးချုပ် စောလားပွယ် (ဓာတ်ပုံ - Thairath)

No comments:

Post a Comment