address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, February 20, 2014

သမီးကလေးဒေသခံများကို ခေါ်ဆောင်မှု အစိုးရကို နာမည်ဖျက်လိုခြင်းမဟုတ်ဟု ဒီကေဘီအေ ပြော




20.2.2014

ကျူးကျော်အဖြစ် ဖယ်ရှားခံရသည့် လှည်းကူးမြို့နယ် သမီးကလေးကျေးရွာမှ ဒေသခံများကို ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်၏ စစ်ဌာနချုပ်အခြေစိုက်ရာ ဆုံဆည်းမြိုင်ကျေးရွာသို့ လိုက်လံနေထိုင်ရန် ခေါ်ယူခြင်းသည် အကူအညီပေးခြင်းဖြစ်ပြီး အစိုးရကို နာမည်ဖျက်လိုခြင်းမရှိဟု ဗိုလ်မှူးစောသရဲနီက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့က အခုလို လာခေါ်တာကို ဘယ်လိုမှမထင်ပါနဲ့ အစိုးရကို နာမည်ဖျက်ချင်တာလည်း မဟုတ်ဘူး။ အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ကူညီဖြေရှင်းပေးတာ ကိုယ့်နိုင်ငံသားတွေကို နေဖို့မြေကွက်ပေးတာပါ”ဟု ပြောသည်။

ဒီကေဘီအေတပ်ဖွဲ့ဝင်တို့က ဖေဖော်ဝါရီ ၁၉ ရက်တွင် လာရောက်ခေါ်ဆောင်ခြင်းဖြစ်ပြီး ကျေးရွာသူ ကျေးရွာသားများ၏သားသမီးများ စာမေးပွဲဖြေဆိုရန်ရှိနေသဖြင့် မလိုက်လိုသေးခြင်းကြောင့် မတ်လတွင် ထပ်မံလာရောက် ခေါ်ဆောင်မည်ဟုလည်း ဒီကေဘီအေမှ ဗိုလ်ကြီးစောကျော်ကိုကိုက ဆိုသည်။

“ဒါပေမဲ့ သူတို့လိုက်ချင်မယ့်အချိန်ကို ခေါ်မယ်လို့ ဌာနချုပ်က ပြောထားပြီးသားဆိုတော့ မတ်လဆိုတော့ လည်း မတ်လ ပြန်လာခေါ်မယ်”ဟု ပြောသည်။

လက်ရှိ သမီးကလေးကျေးရွာ ဒေသခံတို့သည် အောင်သိဒိ္ဓဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံလျက်ရှိနေ ပြီး ဆုံဆည်းမြိုင်ကျေးရွာသို့ လိုက်သွားရန် အစီအစဉ်မရှိသေးဘဲ အစိုးရက မြေကွက်များ ပြန်ပေးမည်ကို စောင့်ဆိုင်းလိုသည်ဟု ဆိုကြသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှ မိုင်သုံးဆယ်အကွာရှိ အိမ်ခြေ ၄၀၀ ရှိ သမီးကလေးကျေးရွာကို ဖေ ဖော်ဝါရီ ၄ ရက်တွင် တပ်ပိုင်မြေဟုဆိုကာ ၀င်ရောက်ဖျက်သိမ်းခဲ့သဖြင့် ပဲခူးမြို့နယ် အောင်သိဒ်္ဓိဘုန်း တော်ကြီးကျောင်းတွင် ၀င်ရောက်ခိုလှုံနေခဲ့ရသည်။ ယင်းနောက် တဲထိုးခိုလှုံနေသော ဒုက္ခသည်များမှ ကျောင်းသားမရှိသည့် အိမ်ထောင်စု ၇၅ စု၏ အိမ်များကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောင်းရွှေ့စေခဲ့ သည်။

Mizzima

No comments:

Post a Comment