address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, February 28, 2014

ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဆွေးနွေး


28.2.2014

ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို သင့်မြတ်လိုသူများ ဘာသာ ပေါင်းစုံလူငယ်များ ပရဟိတအဖွဲ့နှင့် Foundation for Education and Development (FED)တို့က မဟာအောင်မြေမြို့နယ်ရှိ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တွင် ဖေဖော်ဝါရီ ၂၇ ရက်က မန္တလေးမြို့ ၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

“ဆွေးနွေးပွဲတွေ အများကြီးလုပ်သွားဖို့ လိုပါတယ်။ တစ်ဦးနဲ့တစ်ဦး ကိုယ့်ဘာသာရဲ့ အဆုံးအမနဲ့အညီ နေသွားရင် ဘာမှဖြစ်စရာအကြောင်းမရှိဘူး။ အဓိကကတော့ နားလည်မှုပါပဲ”ဟု ပွဲသို့ တက်ရောက်လာသော မြ၀တီဆရာတော် ဦးအရိယ၀ံသာဘိဝံသက မဇ္ဈိမကို မိန့်သည်။

လူမျိုးတိုင်း၊ဘာသာတိုင်းတွင် ယဉ်ကျေးမှုများနှင့် ဘာသာတရားများ၏ အဆုံးအမများရှိကြောင်း၊ ထိုဘာ သာတရား၏ လမ်းညွှန်ဆုံးမမှုများကို နားမလည် မလိုက်နာသောကြောင့် ပဋိပက္ခများဖြစ်ပွားရကြောင်း၊ ဘာသာရေးအဆုံးအမဘောင်အတွင်းမှ နေထိုင်ပြုမူသွားလျှင် အားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် နိုင်မည်ဟု သင့်မြတ်လိုသူများ ဘာသာပေါင်းစုံ လူငယ်များပရဟိတအဖွဲ့ အဖွဲ့ခေါင်းဆောင် ကိုဇော်ဇော် လတ်က မဇ္ဈိမကို ပြောသည်။

ယနေ့ လူငယ်အများစုတွင် ဘာသာရေးဦးတည်ချက်များ လွဲနေပြီး အတူတကွ ယှဉ်တွဲနေထိုင်ရန် နား လည်မှုများ လွဲနေကြောင်းနှင့် ယခုလို အလုပ်ရုံဆွေးနွေးမှုများ များစွာပြုလုပ်လျှင် နားလည်လာကြမည် ဖြစ်ပြီး ဘာသာတရားများကို လေးလေးနက်နက် သိရှိလာမည်ဟု ယုံကြည်ကြောင်း FED မှ မရွှေရည်ဦး က ဆိုသည်။

ပဋိပက္ခအသွင်ဆောင်နေမှုများကို ရှောင်ပြီး တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းဆွေးနွေး နေထိုင်ကြလျှင် ဘာမှဖြစ် စရာအကြောင်း မရှိကြောင်းနှင့် မေတ္တာတရားဖြင့် နေထိုင်သွားကြလျှင် ကမ္ဘာမြေကြီး ငြိမ်းချမ်းသွားမည် ဟု ဆရာတော်တစ်ပါးက မိန့်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဆရာတော် သံဃာတော်များနှင့် ဘာသာပေါင်းစုံ လူငယ်များ တက်ရောက် ဆွေး နွေးကြသည်။ မတ်လ ၂ ရက်တွင်လည်း ၂၆ လမ်း ၇၇ လမ်းထောင့် စိန့်မေရီကျောင်းတွင်လည်း မွန်းလွဲ ၂ နာရီ မှ ညနေ ၅ နာရီအထိ ပြုလုပ်သွားမည်ဟု သိရသည်။

Mizzima

No comments:

Post a Comment