22.2.2014
“ခုလို တွေ့ဆုံညှိနှိုင်းဖို့ ဖိတ်ခေါ်တာဟာ ပထမဆုံးပါ။ သမ္မတရုံးမှာ ဖြစ်ဖို့များပါတယ်” ဟု ၎င်းကဆိုသည်။
UWSA နှင့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော် အပါအဝင် အဖွဲ့ဝင်များနှင့် ပန်ဆန်းမြို့တွင် နှစ်ကြိမ်၊ ကျိုင်းတုံမြို့တွင် တစ်ကြိမ်တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေးအတွက် အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း UWSA အဖွဲ့ဝင်တို့က ပြောကြားထားသည်။
အပစ်အခတ် ရပ်စဲရေးတွင် ၎င်းတို့ အဖွဲ့၏ တောင်းဆိုမှုမှာ ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ပြည်နယ်အဖြစ် ဖွဲ့စည်းပေးရန် အဓိက တောင်းဆိုထားခြင်း ဖြစ်ကြောင်း ဦးဆိုင်ပေါင်းနပ်က ပြောကြားသည်။
ယခုကဲ့သို့ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံမှုတွင် UWSA မှ အဖွဲ့ခေါင်းဆောင် သုံးဦး တက်ရောက်မည် ဖြစ်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။
The Voice Weekly
No comments:
Post a Comment