17.2.2014
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ "တောရအောက်"ဘုန်းတော်ကြီး ကျောင်းမှာ
မြို့နယ် ၁၀ မြို့နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ် တစ်ရာလောက်
တက်ရောက်နေတဲ့ တနင်္သာရီတိုင်း လူငယ်ဖိုရမ်ကို ကျင်းပပြုလုပ်နေပါတယ်။
မနေ့ကစတင်ပြီး သုံးရက်ကြာကျင်းပမယ့် ဒီဆွေးနွေးပွဲမှာ တိုင်းအတွင်း
လူငယ်တွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ခေါင်းစဉ် ၈ ခုနဲ့
ဆွေးနွေးနေတာဖြစ်ပြီး နောက်လအတွင်း မော်လမြိုင်မှာ ကျင်းပမယ့်
မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံအတွက် ကိုယ်စားလှယ် ၁၇ ဦးကို
ရွေးချယ်သွားမယ်လို့ ကျင်းပရေးကော်မတီအဖွဲ့ဝင် ကိုဥက္ကာမင်းက ပြောပါတယ်။
့ရှေ့လာမယ့် မတ်လ ဒုတိယပတ်လောက်မှာ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ
ကျင်းပမယ့် မြန်မာလူငယ်ဖိုရမ်ကို တိုင်းဒေသကြီးနဲ့
ပြည်နယ်တွေကိုယ်စားပြု လူငယ်ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။
အဲဒီကနေတဆင့် မတ်လနောက်ဆုံးပတ်အတွင်းလောက် မြန်မာနိုင်ငံမှာကျင်းပမယ့်
အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယမ် လူငယ်ဖိုရမ်မှာ မြန်မာနိုင်ငံ
ကိုယ်စားပြုလူငယ် ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်
RFA
No comments:
Post a Comment