address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, February 25, 2014

မြန်မာ သစ်ခွများ တရုတ်နှင့် ထိုင်းသို့ တရားမဝင် တင်ပို့မှုများကို ထိန်းသိမ်းရန်လို


25.2.2014

မြန်မာနိုင်ငံမှ ရှားပါး သစ်ခွများကို တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ တရားမဝင် နည်းလမ်းများဖြင့် အများဆုံး တင်ပို့ ရောင်းချလျက် ရှိခြင်းကြောင့် ပြည်တွင်း၌ မျိုးပွား၍ ထိန်းသိမ်းရန် လိုအပ်ကြောင်း မြန်မာပန်း ဝါသနာရှင်အသင်း ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာစောလွင်က ပြောကြားသည်။

သစ်ခွ မျိုးစိတ်များတွင် ချင်းသစ်ခွ မျိုးရင်းသည် ရှားပါးမှု စာရင်းတွင် ပါဝင်နေပြီး ဆေးဖော်စပ်သည့် လုပ်ငန်းများတွင် အသုံးပြုရန် အတွက် တရုတ်နိုင်ငံသို့ သစ်ခွ ပန်းခြောက်များ ပြုလုပ်၍ တရားမဝင် ရောင်းချနေသည့် အပြင် ထိုင်းနိုင်ငံသို့ပါ အပင်လိုက် တင်ပို့ ရောင်းချမှုများ ရှိကြောင်း ၎င်းက ပြောဆိုသည်။

ယင်းသို့ သစ်ခွ မျိုးစိတ်များ ရှားပါးခြင်း မရှိစေရန် မျိုးပွား စမ်းသပ်နိုင်သည့် သစ်ခွ ဓါတ်ခွဲခန်း တစ်ခုကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့တော်တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း Worldview Myanmar Royal Orchid မှ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောကြားသည်။

အဆိုပါ ဓာတ်ခွဲခန်းကို နော်ဝေနိုင်ငံ အခြေစိုက် Worldview International Foundation နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီတို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်း ဖြစ်ပြီး သစ်ခွ မျိုးစိတ်များကို လေ့လာကာ မျိုးရင်းများကို ထိန်းသိမ်းခြင်း၊ မျိုးပွားခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သစ်ခွများသည် သဘာဝ အလျောက် အပင်ပေါ်တွင် ပေါက်ရောက်သည့် အပြင် ဓာတ်ခွဲခန်းတွင်လည်း သစ်ခွ အသီးကို ယူ၍ မျိုးပွား စိုက်ပျိုးနိုင်ကြောင်း ဒေါက်တာစောလွင်က ရှင်းပြသည်။

မြန်မာနိုင်ငံတွင် သစ်ခွများသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး ပေါက်ရောက်လေ့ ရှိပြီး မျိုးရင်းပေါင်း ၈၀၀ မှ ၁၀၀၀ အကြားတွင် ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment