16.1.2014
အဆိုပါဆုံးဖြတ်ချက်ကို နိုင်ငံရေးပါတီများ၊ အစိုးရအဖွဲ့၊ စစ်ဘက်ဆိုင်ရာနှင့် ပညာရပ်ဆိုင်ရာများမှ ကိုယ်စားလှယ်များ၏ နှစ်နာရီခွဲကြာ အစည်းအဝေးပြုလုပ်ပြီးနောက် သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ်က ဆက်လက်ပြောဆိုခဲ့သည်။ အဆိုပါအစည်းဝေးကို ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့်လေတပ်ဌာနချုပ်မှာ ယမန်နေ့အစောပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအစည်းအဝေးပွဲတွင် လက်ရှိနိုင်ငံရေးအရှုပ်အထွေးကို ပြုလုပ်နေကြသော ရွေးကောက်ပွဲကို ဆန္ဒပြနေသည့် ဒီမိုကရက်အတိုက်အခံပါတီနှင့် ယင်လတ်အစိုးရနှုတ်ထွက်ရေးကို ဆန္ဒပြနေသည့် People's Democratic Reform Committee (PDRC) တို့ တက်ရောက်မှုမရှိကြောင်း သိရသည်။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲရုံကိစ္စရပ်များနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် လိုလားလျက် ရှိသော်လည်း နိုင်ငံရေးပါတီကိုယ်စားပြုများက ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့မတိုင်မီ ကျင်းပရန် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည့်အတွက် ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကော်မရှင်အနေနှင့် နိုင်ငံတောင်ပိုင်း ဒေသ ၁၅ ခုရှိ မဲရုံ ၂၄ ရုံတွင် အခက်အခဲဖြစ်ပေါ်နေမှုများနဲ့ ပတ်သက်ပြီး ထုတ်ပြ ပြောဆိုခဲ့သည်။ အဆိုပါမဲရုံများတွင် တာဝန်ယူလုပ်ကိုင်ရန် ဒေသခံ ၀န်ထမ်းများက ကြောက်ရွံ့နေကြောင်းနှင့် ဒေသတော်တော်များများတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ရန် ၀န်ထမ်းတစ်ဦးမှပင် မရှိသေးကြောင်း၊ ကော်မရှင် အတွင်းရေးမှူး Phuchong Nutrawong က ပြောဆိုခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Nipat Thonglek က ရွေးကောက်ပွဲတွင် မိမိတို့ တပ်မတော်အနေဖြင့် ကူညီရန် အသင့် ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံတွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး အကယ်၍ ၀န်ကြီးချုပ်ယင်လတ်အနေဖြင့် ရာထူးမှ ဖယ်ရှားမပေးလျှင် ထိုင်းနိုင်ငံ၏ စတော့ဈေးကွက်နှင့် Aeronautical Radio တို့ကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း Students and People Network for Thailand's Reform က ကြေငြာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
MOI Webportal Myanmar
No comments:
Post a Comment