address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, October 10, 2014

ရနောင်းတွင် တရားမ၀င်ဖုန်းလိုင်းအသုံးပြုမှုဖြင့် မြန်မာအမျိုးသမီး ၈ ဦးကို ဖမ်းဆီး





10.10.2014

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ရနောင်းမြို့ထဲမှာ တရားမ၀င်ဖုန်းလိုင်း အသုံးပြုမှုနဲ့ မြန်မာအမျိုးသမီး ၈ ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမ၀င်ဖုန်းလိုင်း အသုံးပြုမှုရှိကြောင်း စုံစမ်းသိရှိချက်အရ အသံလွှင့်လုပ်ငန်း ကော်မတီ၊ ရုပ်သံလုပ်ငန်းကော်မတီနဲ့ ထိုင်းအမျိုးသား တယ်လီဖုန်း ဆက်သွယ်ရေးဌာနက တာဝန်ရှိသူတွေနဲ့ ရနောင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အောက်တိုဘာ ၉ ရက်နေ့က ရနောင်းမြို့ ဘန်နွန်းရပ်ကွက်က ၃ ထပ်တိုက်အိမ် တလုံးကို ၀င်ရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်အရ အဲဒီအိမ်မှာ တယ်လီဖုန်းလိုင်းရဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြား ဖုန်းခေါ်ဆိုမှု ၀န်ဆောင်ပေးနေတဲ့ တယ်လီဖုန် စုစုပေါင်း ၃၇ လုံးနဲ့ တယ်လီဖုန်းစာရင်းစာအုပ်တွေပါ ဖမ်းဆီးရမိတယ်လို့ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောပါတယ်။

ခွင့်ပြုချက်မရှိဘဲ တယ်လီဖုန်းလိုင်း ခိုးယူအသုံးပြုမှုမှာ ၀န်ဆောင်ခအနေနဲ့ မြန်မာနိုင်ငံကို ၁ မိနစ် ၃ ဘတ်ပေးရတယ်လို့ ရနောင်းမှာ နေထိုင်တဲ့ မြန်မာအလုပ်သမား တဦးက ပြောပါတယ်။

လာရောက်အသုံးပြုသူတွေဟာ အများအားဖြင့် ထိုင်းနိုင်ငံသားနဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိသူတွေကို ခွင့်ပြုချက်မရှိဘဲ တယ်လီဖုန်း ဧရိယာတိုင်ထောင်မှု၊ ဖုန်းလိုင်းရွှေ့ပြောင်းမှုတွေနဲ့ တရားစွဲဆိုထားပြီး ဆုံးရှုံးနစ်နာမှု တန်ဖိုးတွေ စစ်ဆေးနေတယ်လို့ တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အလားတူ တီအန်အန်ထိုင်းတီဗွီသတင်းမှာလည်း ရနောင်းခရိုင်ရဲတပ်ဖွဲ့ ယာယီရဲမှူးကြီး နလင်း ပူစယ၀စ် ဦးဆောင်တဲ့ တာဝန်ရှိသူတွေဟာ ခွင့်ပြုချက်မရှိဘဲ တည်ထောင်တဲ့ အသံလိုင်း 450 MHz ကို ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအဖွဲ့ဟာ ကောလ်စင်တာ (ဖုန်းစင်တာဗဟိုဌာန) လုပ်ပြီး နိုင်ငံတကာ ဖုန်းလိုင်းခေါ်ဆိုမှု ၀န်ဆောင်ပေးနေကြောင်း၊ နိုင်ငံခြားဖုန်းခေါ်ဆိုမှု ၀န်ဆောင်မှု ပေးနေတာ ၁ နှစ်ကျော်ပြီ ဖြစ်ပါတယ်။

မြန်မာလူမျိုး ဦးအောင်သန့် ဆိုသူရဲ့ နာမည်နဲ့ အဆိုပါ တိုက်ခန်းကို တလ ၃ သောင်းနဲ့ ငှားရမ်းထားတယ်လို့ ဆိုပါတယ်။

နောက်ကွယ်က ကြိုးကိုင်သူကို ဖမ်းဆီးရမိဖို့လည်း ဆက်လက် စုံစမ်း ရှာဖွေ နေတယ်လို့ ထိုင်းသတင်းက ဖော်ပြပါတယ်။

DVB

No comments:

Post a Comment