address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, October 10, 2014

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော လူငယ်နှစ်ဦး၏ မိဘများ ထိုင်းနိုင်ငံသို့သွားမည်




10.10.2014

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော လူငယ်နှစ်ဦး၏ မိဘများကို ထိုင်းနိုင်ငံသို့ သွားရောက်နိုင်ရေးအတွက် ရခိုင်အဖွဲ့အစည်းများက ကူညီသွားမည်ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က မဇ္ဈိမကိုပြောသည်။
"ကျွန်တော်တို့ ရန်ကုန် မှာနေရေးစားရေနဲ့ ထိုင်းကိုသွားရေးလာရေး ကူညီမှာဖြစ်ပါတယ်" ဟု ကိုတင်ထူးအောင်က ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြုမှ ရန်ကုန်သို့ လာမည့် စရိတ်ကိုမူ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက အကူအညီပေးမည် ဖြစ်သည်။

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုတွင် စွပ်စွဲကာ ဖမ်းဆီးခံရသူ လူငယ်နှစ်ဦးမှာ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့မှ ဖြစ်သည်။

Mizzima

No comments:

Post a Comment