address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, July 30, 2013

ထိုင်းကူညီမှုဖြင့် မြိတ်ခရိုင် မောတောင်ဒေသ ၂၄ နာရီ မီးလင်းတော့မည်


30.7.2013
မြိတ်ခရိုင်၊ မောတောင်ဒေသ သြဂုတ်တွင် ၂၄ နာရီ မီးလင်းပြီ တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မောတောင်ရွာတွင် သြဂုတ်လမှ စတင်ကာ ၂၄ နာရီ လျှပ်မီး အသုံးပြုနိုင်မည်ဟု လျှပ်စစ်ရရှိရေးလုပ်ဆောင်နေသည့် ဖိုးသီးချိုကုမ္ပဏီမှ အကြီးတန်းအရာရှိတစ်ဦး က ပြောသည်။


လက်ရှိတွင် မောတောင်လမ်းမကြီးနှင့် လမ်းကြားများတွင် မီးတိုင်၊မီးကြိုးများ တပ်ဆင်နေလျက်ရှိနေ သည်။

“၂၄ နာရီ မီးကိုပဲ မျှော်နေတာပါ။ တစ်ယူနစ်ကို ၁၅၀ ကျပ်လို့ ကြားတာပဲ။ အတိအကျတော့ မသိသေးပါ ဘူး”ဟု မောတောင်ရှိ ပွင့်ဖြူတည်းခိုခန်းပိုင်ရှင် ဦးကျော်မျိုးအောင်က ပြောသည်။

မောတောင်တွင် လက်ရှိ သုံးစွဲနေသည့် လျှပ်စစ်မီးမှာ တစ်ယူနစ် ၇၀၀ ကျပ် ကျသင့်ပြီး ည ၆ နာရီမှ ည ၁၁ နာရီ အထိသာ ဖြန့်ဖြူး ပေးလျက် ရှိနေသည်။ မောတောင်ဒေသတွင် အိမ်ခြေ တစ်ထောင်ကျော် ရှိပြီး မောတောင် နယ်စပ်ဂိတ်ကို မေလ ၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မောတောင်သို့ ဖြန့်ချိမည့် လျှစ်ဓာတ်အားကို ထိုင်းနိုင်ငံ EGATE (Elec- tricity Generating Authority of Thailand) ၏ မဟာဓာတ်အားလိုင်းမှ ၀ယ်ယူမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံ၊ ပရာကျွတ်ခရိုင် လျှပ်စစ်စွမ်း အားဌာနတွင် စီမံကိန်းကို စာချူပ်ချူပ်ဆိုကာ လုပ်ကိုင်ခြင်းဖြစ်သည်။ မောတောင်ဒေသ မီးလင်းရေး လုပ်ဆောင်နေသည့် ဖိုးသီးချိုကုမ္ပဏီသည် ထားဝယ်ဒေသနှင့် ရခိုင်ပြည်နယ်တို့တွင် ၂၄ နာရီ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနေသည့် ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည်။

Credit : Mizzima

No comments:

Post a Comment