address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, July 18, 2013

သဘာဝသယံဇာတထုတ်လုပ်မှုနှင့်အစိုးရအုပ်ချုပ်ရေးစနစ်





၁၈.၇.၂၀၁၃

ဇူလိုင်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမတွင် ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့ SHWE GAS MOVEMENT အဖွဲ့မှဦးဆောင်၍ သဘာဝသယံဇာတထုတ် လုပ်မှုနှင့် ကောင်းမွန်သည့် အစိုးရအုပ်ချုပ်ရေးစနစ် စာတမ်းခေါင်းစဉ်ဖြင့် စာတမ်းငယ်တစ်ခုထုတ်ပြန် ခဲ့ပါသည်။ ထိုစာတမ်း တွင် မြန်မာနိုင်ငံတည်ဆဲဥပဒေများ၏အား နည်းချက်ပြဿနာများပါ ထည့် သွင်းဆွေးနွေးခဲ့သည်။


မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါကြွယ်ဝသောနိုင်ငံဖြစ်သဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကောင်းမွန်ပေသည်၊ သို့ရာတွင် ထိုသဘာဝသယံဇာတများကိုမည်သို့ စီမံခန့်ခွဲမည်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ဌာန၊ တိုင်းရင်းသားတို့နှင့် ဒေသခံတို့၏ အခြေခံအခွင့်အရေးများ၊ ဒေသ ခံတို့၏ လူမှုဘ၀ဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် မည်သို့ဆောင်ရွက်မည်၊ ရရှိလာသော အကျိုးအမြတ်ကို ဗဟိုအစိုးရနှင့် ပြည်နယ်၊ တိုင်းဒေ သကြီးတို့အကြား မျှမျှတတ မည်သို့ခွဲဝေသုံးစွဲမည်ကို ရှင်းလင်းစွာ ပုံဖော်ရန်လိုအပ်နေပြီဖြစ်သည်။

အရေးကြီးဆုံးမှာ ထိုသဘ၀သယံဇာတများကို ရသလောက်၊ ထွက်သလောက် ထုတ်ရောင်းချနေခြင်း မျိုးမဟုတ်ဘဲ နိုင်ငံနှင့်ပြည်သူ နောင်နှစ်ပေါင်းများစွာ၊ မျိုးဆက်ပေါင်းများစွာ အကျိုးရှိစေရန် မည်သို့ စီမံခန့်ခွဲမည် ဆိုသည်ပင် ဖြစ်သည်။ ထိုသို့ဖြစ်ရန်မှာ အခြေခံအားဖြင့် ခိုင်မာတိကျသော ဥပဒေများ ရှိရန်လိုအပ်သကဲ့သို့ အားလုံးအတွက် ပွင့်လင်းမြင်သာမှုများ အဆင့်တိုင်းတွင် ရှိရန်အရေးကြီးသည်။

အထူးသဖြင့် သဘာဝသယံဇာတများသည် တိုင်းရင်းသားလူနည်းစု ဒေသများတွင် အများအပြား ရှိနေ သည်ဖြစ်ရာ၊ဒေသခံဌာနေတိုင်းရင်းသားများ၏ အကျိုးစီးပွားကို ထိခိုက်စေမည့်၊ ထိုသူတို့၏ အခွင့်အရေး များကို ချိုးဖောက်စေမည့် စီမံကိန်းများကို မလုပ်ရန်အရေးကြီးသည်။ ထိုစီမံကိန်းများ အကောင်အထည် မဖော်ခင်ကပင် ဒေသအတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများအပါအဝင် ပြည်သူတို့၏ သဘော ဆန္ဒကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။


ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားမှုအဖွဲ့၏ စာတမ်းထဲတွင်လည်း မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများသည် ဗဟိုချုပ်ကိုင်မှု အားကောင်းရေးနှင့် အစိုးရကိုသာ ကိုယ်စားပြုရေးဘက်သို့ ဦးမတည် သင့်ဘဲ ပြည်သူများအတွက် တာဝန်ခံမှု တာဝန်ယူမှုရှိရမည့်အပြင် ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင် ကို ကာကွယ်မှုလည်း ပေးနိုင်ရပါလိမ့်မည်ဟု ဆိုပါသည်။

No comments:

Post a Comment