address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, July 25, 2013

ဒေသဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ဆောင်ရန် ကရင်နှင့် ရှမ်း နယ်ခြားစောင့် တပ်များတွေ့မည်


25.7.2013

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်သုံး ခုနှင့် ရှမ်းပြည်နယ် လောက်ကိုင် နယ်ခြားစောင့်တပ်မှ ခေါင်းဆောင်အချို့ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး နိုင်မောင်ဇော် က The Voice သို့ပြောကြားသည်။
 

ယင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသရှိ နယ်ခြားစောင့်တပ် ဌာနချုပ်တွင် ဇူလိုင် လ ၂၇ ရက် နေ့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကာကွယ်ရေးဦးစီးချုပ် စေခိုင်းချက်ကြောင့် တွေ့တာမဟုတ်ပါဘူး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေး အတွက် ဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။

ယင်းဆွေးနွေးပွဲသို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) မှ တပ်မှူးအဆင့်ရှိသူတစ်ဦးနှင့် ပြန်ကြားရေးတာဝန်ခံအချို့ လေ့လာသူအဖြစ် တက်ရောက်မည် ဖြစ်ကြောင်း KNU အဖွဲ့ထံမှ စုံစမ်းသိ ရှိ ရသည်။

ယင်းတွေ့ဆုံမှုသည် နယ်ခြားစောင့်တပ်များကြား ပထမဆုံးအကြိမ် တွေ့ ဆုံဆွေးနွေးမှု ဖြစ်ကြောင်း ကရင်ပြည်နယ်နယ်ခြား စောင့်တပ်ထံမှ သိရှိရသည်။

အဆိုပါ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်သုံးခုသည် ၁၉၉၆ ခုနှစ်တွင် KNU အဖွဲ့မှ ခွဲထွက်ကာ တိုး တက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ကိုထူထောင်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး လက် မှတ်ရေးထိုးကာ ၂၀၁၀ ပြည့်နှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့သည်။

The Voice

No comments:

Post a Comment