address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 17, 2013

ပဲခူး တရားလွှတ်တော်နှင့် ဥပဒေရုံးတွင် ဗုံးတွေ့

17.7.2013

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရုံးကြီးရပ်ကွက်ရှိ တိုင်းဒေသကြီး လွှတ်တော်နှင့် ဥပဒေရုံးတွင် ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းက လက်ပစ်ဗုံး နှစ်လုံး တွေ့ရှိခဲ့ကြောင်း ပဲခူးမြို့ အမှတ် () ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။


တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်ရုံး အဝင် ခြံတံခါးဝတွင် နံနက် နာရီ ၁၅ မိနစ်ခန့်က ဗုံးတစ်လုံး စတင် တွေ့ရှိခဲ့ပြီး တိုင်းဒေသကြီး ဥပဒေရုံး ပေါ်တီကို အောက်တွင် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ဗုံး တစ်လုံး ထပ်မံ တွေ့ရှိခဲ့ကြောင်း ပဲခူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ လက်ပစ် ဗုံးများသည် အမေရိကန် လက်ပစ်ဗုံးဟု ယူဆရပြီး အဆိုပါ ဗုံးတွေ့ရှိမှုများနှင့် ပတ်သက်၍ စုံစမ်းနေဆဲသာ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
ကျွန်မက တိုင်း ဥပဒေရုံးရှေ့ ရောက်တော့ ရုံးထဲကို ဘယ်သူ့ကိုမှ ပေး မဝင်တော့ဘူး။ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ့လို့ ဝင်ခွင့် မပေးနိုင်ဘူးလို့ ပြော တယ်။ အထဲက လူတွေကိုလည်း အပြင် ပေးမထွက်ဘူး။ ဗုံးတွေ့တာလို့ မြို့ထဲမှာ ပြောနေကြတယ်ဟု ရုံးကြီး ရပ်ကွက်နေ ဒေါ်အိမ်ချိုသာ က ပြောကြားသည်။
အဆိုပါ နေ့လယ်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တရားရုံးတွင် စစ်ဆေးလျက် ရှိသော အမှုများကို ရပ်ဆိုင်းခဲ့ပြီး တိုင်းဒေသကြီး တရားရုံးကိုပါ ပိတ်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။
အဆိုပါ ဗုံး နှစ်လုံးကို အမှတ် ၆၀၆ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း ၆၀၆ သို့ ပေးပို့ထားကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ဗုံးတွေ့ရှိချိန်တွင် ပဲခူးမြို့ စိန်ထွန်းရပ်ကွက် ကျောက်တွင်းကုန်း လမ်းဆုံတွင် သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက် ပြီး ဒေသခံ တောင်သူများက ဆန္ဒ ဖော်ထုတ်လျက် ရှိကြောင်း ဒေသခံ များက ပြောကြားသည်။
လွန်ခဲ့သော ခြောက်ရက် (ဇူလိုင် ၁၀) ရက်နေ့တွင် ပဲခူးမြို့ ဈေးပိုင်း ရပ်ကွက်ရှိ အမှတ် () အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ကားဘီးပေါက်သည်ကို ဗုံး ပေါက်ကွဲသည်ဟု ကောလာဟလ ထွက်ပေါ်သောကြောင့် အဆိုပါနေ့ နံနက်ပိုင်းတွင် ကျောင်းသား မိဘများ စုဝေး ရောက်ရှိလာခဲ့ (The Voice Daily Vol .1/ No 81 တွင် သတင်း ဖော်ပြပြီး) သည်

No comments:

Post a Comment