address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 31, 2013

အစိုးရနှင့်ပလောင်လွတ်မြောက်ရေးတပ်မတော်တို့ ငြိမ်းချမ်းဆွေးနွေး





31.7.2013
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ရွှေလီရတနာ ခမ်းမတွင် ယနေ့နေ့နံနက် ၉နာရီခွဲ အချိန်ကစတင်၍ အစိုးရနှင့်ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်မတော်တို့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပလျက်ရှိသည်။


ယင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ၀န်ကြီး ဦးမောင်မောင်ဆွေ၊ ရှမ်းပြည်နယ်ဝန်ကြီး ဦးစ၀်အောင်မြတ်၊ အရှေ့မြောင်တိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်စိုး ၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ၀န်ကြီး ဦးမောင်ကျော်တို့မှ စတင်ဆွေးနွေးလျက်ရှိသည်။

ဖိတ်ကြားထားသည့် ဧည့်သည်တော်များဖြစ်သော မိတ်ဖက်အဖွဲ့ အစည်းများအဖြစ် SSPP. SSA NMSP နှင့် KIA ကိုယ်စားလှယ်များ၊ တပ်မတော်မှ အရာရှိကြီးများ၊ မြန်မာငြိမ်းချမ်းရေး စင်တာမှ ဒေါက်တာ မင်းဇော်ဦး၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ပလောင်လူမျိုးများ၏ ရပ်မိရပ်ဖများနှင့် ပလောင်လူငယ် အဖွဲ့များ တက်ရောက်လျက်ရှိသည်။

ပလောင်ပြည် လွတ်မြောင်ရေး တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော် မှ ပြန်လည်ဆွေးနွေး ခဲ့ပြီး နံနက်ပိုင်း ဆွေးနွေးပွဲကို (၁၀း၄၅)အချိန်တွင် ခေတ္တရပ်နားကြောင်း သိရသည်။ ယနေ့ညနေ ပိုင်း ဆွေးနွေးပွဲ အပြီးတွင် ဆွေးနွေးပွဲ ရလဒ်များကို သတင်းထုတ်ပြန်ချက်သွားမည်ဖြစ်ကြောင်း
သိရသည်။

No comments:

Post a Comment