address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, October 27, 2013

UNFC ၏ အနာဂတ် အရေး နှင့် လိုင်ဇာ အစည်း အဝေး ဆက်သွယ် မေးမြန်းခန်း

 
27.10.2013
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အဖွဲ့ဝင် မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အတူ လာမည့် အောက်တိုဘာလ အကုန်တွင် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် အထူး အစည်းအဝေးကြီး ကျင်းပရန် ရှိပါသည်။
ဤအစည်း အဝေးသည် အစိုးရမှ တပြည်လုံး အပစ်အခတ် ရပ်စဲရေးလက် မှတ်ထိုးပွဲ ကျင်းပရန် ဖိတ်ခေါ်ထား သည့်အပေါ် သဘောထား ပေးရန် စည်းဝေး ကြခြင်း ဖြစ်ပါသည်။

ဤသို့ကြောင့် UNFC သဘောထားနှင့် လိုင်ဇာအစည်းအဝေးပွဲ၏ အနေအထားများကို ခြုံငုံ သုံးသပ်နိုင်ရန် အတွက် ရွှေဟင်္သာသည် (UNFC) အထွေအထွေ အတွင်းရေးမှူး နိုင်ဟံသာ အား ဆက်သွယ် မေးမြန်းခဲ့ပါသည်။
မေး ။        ။ လက်ရှိ တိုင်းရင်းသား အရေးတွေမှာ (UNFC) အဖွဲ့ဟာ ဘယ်လောက် အရေးကြီး နေတယ်လို့ ဆရာတို့ ခံယူထားပါ သလဲ။
ဖြေ ။         ။ တိုင်းရင်းသား တွေရဲ့ အရေးမှာ UNFC ဟာ ကနေ့ အနေထားမှာ အဓိကနဲ့ အရေးကြီး နေတဲ့ အခန်းနဲ့ တိုင်းရင်းသား တွေရဲ့အရေးကို အဆုံး အဖြတ် ပေးမယ့် အခန်းကို ရောက်ရှိနေပြီးလို့ ခံယူ ထားပါတယ်။ ဘာကြောင့် အဲဒီလိုပြောရ သလဲ ဆိုရင်တော့ တိုင်းရင်းသားတွေ အတွက် အခွင့်အရေးတွေ တိုင်းရင်းသားတွေ လိုလား နေတဲ့ အမျိုးသား တန်းတူရေး နှင့် ကိုယ်ပိုင် ပြဌာန်းခွင့်တွေ အတွက် တောင်းဆိုဖို့ ဖြစ်ပါတယ်။ ဥပမာ လွတ်တော် နေရာမှာ ရရှိထား တဲ့ တိုင်းရင်းသား ညီနောင် ဖက်ဒရေးရှင်း ကတော့ သူတို့က လွတ်တော်ထဲမှာ လူနည်းစု ဖြစ်နေတယ်။ သူတို့က လွတ်တော်ထဲ မှာပြောအားက သိပ့်မရှိ ဘူး။ နောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ကလည်း သူတို့ကို အများကြီး ကန့်သတ် ထားတယ်။ ဒါကို သူတို့က ပြင်ဖို့ ဖောက်ထွက် ဖို့က မလွယ်တဲ့ အတွက် ထိရောက်မှု လည်း နည်းနေတယ်။ နောက်ပြီးတော့ ညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ UNA အနေနဲ့ကလည်း သူတို့က လွတ်တော် ထဲမှာမရှိဘူး။
ပြောအားလည်း သိပ့်မရှိဘူး ဖြစ်နေတယ်။ သူတို့ သဘောထားကို ထုတ်ပြန်ပြီး လူထုကြားမှာပဲ ပြောလို့ဆိုလို့ ရတဲ့ အနေထား လာက်မှာပဲ ရှိနေသေးတယ်။ အခု အနေထားမှာ အစိုးရဘက် ကရော၊ လူထုဘက် ကရော တောင်းဆိုနေတာ က ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ စစ်မှန်တဲ့ တိုင်းရင်းသား စုစည်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စမှာ အဓိကအား ဖြစ်တော့ တိုင်းရင်းသား တွေနဲ့ ပြေလည်ဖို့  ဖြစ်တယ်။ အဲဒါကို ဆွေးနွေးတဲ့ နေရာမှာ အစိုးရအနေနဲ့ UNFC နဲ့ ညှိနှိုင်း ဖြေရှင်း နေပြီးဖြစ်တယ်။ အဲဒီတော့ ဒီပြည်တွင်း စစ်ရပ်စဲဖို့ အတွက် တိုင်းရင်းသား တွေအားလုံး ပြန်လည် စုစည်းညီညွတ် ဖို့အ ရေးမှာ UNFC က အဓိက အခန်းမှာ ကျရောက် နေပါတယ်။ ဒါကြောင့် အဲဒီရေရှည်မှာ တိုင်းရင်းသား တွေရဲ့ လိုလားတဲ့ အခွင့်အရေး တွေ ရရှိဖို့နဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို တည်ဆောက်ဖို့ ဆိုတဲ့ အပိုင်းဖြစ် တဲ့ အတွက် တိုင်းရင်း သားအရေးမှာ UNFC က အဆုံးအဖြတ် ပေးရမယ့် အခန်းကို ရောက်နေပါတယ်။ အဲဒီလိုခံယူ ထားပါတယ်။
မေး ။        ။ အကယ်၍ UNFC ဟာ တိုင်းရင်းသား တွေရဲ့ အရေးကို ဆောင်ရွက် နေတယ်လို့ လက်ခံ ထားရင် တိုင်းရင်းသား အ ဖွဲ့တွေ အားလုံးကို ဘယ်လောက် အထိ ကိုယ်စား ပြုနိုင်မလဲ။ အားလုံးကို ကိုယ်စား ပြုနိုင်မဲ့ အလားအလာ ရှိပါသလား။ မဟုတ်ရင် ဘယ်လိုကဏ္ဍမျိုး ပါဝင်သွားမလဲ သိပါရစေ။
ဖြေ ။       ။ UNFC အနေနဲ့ တိုင်းရင်းသား အားလုံးအတွက် ရဲ့ အရေးကို ကိုယ်စားပြု ပြီးတော့မှ တိုင်းရင်းသား အားလုံး လိုလားတဲ့ အမျိုးသား တန်းတူရေး နဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရှိပြီး စစ်မှန်တဲ့  ပြည်ထောင်စု တနည်းအားဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့  အဲဒါကို ရည်ရွယ် ပြီးတော့ ပြောဆို လှုပ်ရှား ကြိုပမ်းနေပါတယ်။ ဒါက တိုင်းရင်းသား အားလုံး ကိုယ်စား ပြုတာပါပဲ ဒါပေမယ့်တချို့အနေထားတွေမှာ တချို့အဖွဲ့စည်းတွေက သီးခြားအရေး ပြသနာတွေ ရှိနေသလို UNFC  အနေနဲ့ လက်လှမ်းမမှီ တာတွေလည်း ရှိပါတယ်။ ကျနော်တို့ မသိတာတွေလည်း ရှိတယ်။ အဲဒီ အခါကျတော့ သူတို့ ဘက်က လိုအပ်ကောင်း လိုအပ်မယ့် အနေထား မှာ တော့ရှိနေ ပါတယ်။ ဒါပေမယ့် တဖက်က တကယ့် နိုင်ငံရေး ပြသနာကို အဆုံးအဖြတ် ပေးမှာကတော့ ပင်လုံ ကဲ့သို့သော ညီလာခံ ကနေ ပြီးတော့ အဆုံးအဖြတ် ပေးသွားမယ်လို့ ရည်ရွယ် ထားပါ တယ်။
အဲဒီအခါ ကျတော့မှ ဒီမိုကရေစီနည်း အရ လွတ်တော်ထဲ မှာလှုပ်ရှား နေတဲ့ တိုင်းရင်းသား အင်းအားစုတွေ၊ တခြား တိုင်းရင်းသား တွေနဲ့ပတ်သတ်တဲ့ အဖွဲ့အစည်း တွေရဲ့ကိုယ်စားလှယ်တွေ အားလုံး ပါဝင်တဲ့ သုံးပွင့်ဆိုင် ကျယ်ပြန့်တဲ့ တိုင်းရင်းသား ညီလာခံကြီး ကနေ အဆုံးအဖြတ်ပေး ဖို့ ရည်ရွယ်  ထားပါတယ်။ အဲဒီ အနေထားကျ ရင်တော့ အားလုံးပါဝင် လာမှာပါ။ UNFC အနေနဲ့နေရာတကာမှာ အဆုံးအဖြတ် ပေးမယ့် အနေထား မျိုးတော့ မဟုတ်ပါဘူး။
မေး ။        ။ အစိုးရဖက်က ၀န်ကြီးဦးအောင်မင်း ရဲ့ မော်လမြိုင်(၄)ပါတီ အစည်းအဝေး အခြေအနေကို သိပြီးဖြစ် ပါလိမ့်မယ်။ အဲဒီ အစည်းအဝေးမှာ အစိုးရ ကိုယ်စားလှယ် အနေနဲ့ နောက်နောင် ဆိုရင် UNFC အဖွဲ့နဲ့ ဆွေးနွေးခြင်း ထက် တဖွဲ့ချင်းကို ဘဲ အလေးထားပြီး ဆွေးနွေးတော့ မယ်လို့ ပြောလိုက်တယ်။ ဒီတော့ တကယ်လို့ အစိုးရဖက်က နိုင်ငံရေး ဆွေးနွေး ပွဲမူဘောင်ကို UNFC နဲ့ မညှိနှိုင်း တော့ဘဲနဲ့ တဖွဲ့ချင်းနဲ့ ခေါ်ယူဆွေးနွေး သွားမယ်ဆိုရင် UNFC က ဘယ်လို သဘော ထားကြ မှာလဲ။
ဖြေ ။        ။ အဲဒီသတင်း ထွက်ပြီး မရှေ့ မနှောင်းမှာပဲ MPC က ကိုယ်စားလှယ် တစ်ဦးက ချင်းမိုင်ကို ရောက်လာ ပြီးတော့ ဦးအောင်မင်း မှာ ကြားခဲ့တဲ့ အတိုင်း ဦးအောင်မင်း တို့က UNFC တို့နဲ့ မတွေ့တော့ဘူး ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ က မှားပါတယ်။ သူအနေနဲ့ အဲဒီလို မပြောခဲ့ပါဘူး။ အဓိက အားဖြင့်တော့ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို နေပြည်တော်မှာ လက်မှတ် ထိုးဖို့ကိစ္စ အဲဒါကတော့ တဖွဲ့ချင်းစီ အနေနဲ့လုပ်သွားရမယ့် ကိစ္စဖြစ်တယ်။  ဒီကိစ္စကို UNFC အနေနဲ့ ပြောဖို့ မလိုအပ်သေး ဘူးပေါ့လေ။ တဖွဲ့ချင်းစီပဲ ပြောတော့မယ်။ သူတို့က ပြောတဲ့ အပေါ် မှာ တဖက်က အဓိပ္ပါယ် ကောက်တာ လွဲတာဖြစ်တယ်။ သူတို့ အနေနဲ့ တိုင်းရင်းသား အရေး ဖြေရှင်းတဲ့ နေရာမှာ UNFC အနေနဲ့ပဲ ဖြေရှင်းသွားမယ် လို့ MPC ကိုယ်စားလှယ်တဦးက ဇင်းမယ်မြို့ကို ရောက်လာပြီးတော့ ရှင်းပြသွား ပါတယ်။
မေး ။        ။ လာမဲ့ အောက်တိုဘာ (၃၀)ရက်နေ့မှာ KIA ဌာနချုပ် လိုင်ဇာမှာ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ စုံစုံညီညီ နဲ့တွ့ဆုံဆွးနွေး ကြမယ်လို့ ကြားတယ်။ အဲဒီ အစည်းအဝေး မှာ ဘာတွေ ဆွေးနွေးကြမလဲ။
ဖြေ ။        ။ အောက်တိုဘာလ (၃၀) ရက်နေ့မှာ လိုင်ဇာမှာ လုပ်မယ့်  တိုင်းရင်းသား ထိတ်သီး ခေါင်းဆောင်များ အစည်းဝေး မှာ အစိုးရဘက်က ပြောထားတဲ့ တပြည်လုံး အတိုင်းတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး ဖို့ ကိစ္စကို အဓိကထား ဆွေးနွေးသွာ ကြမယ်။ အဲဒီမှာ UNFC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များအနေနဲ့ မိမိတို့ ရဲ့ လိုအပ်တဲ့ အချက် လက်တွေကို ယူပြီး စုပေါင်း တိုင်းပင် ကြမယ်။ အဲဒါကို တူတူညီညီ ရပ်တည်သွား ကြမယ်။ တကယ်လို့ တောင်းဆိုတဲ့ အရာကို မရဘူးဆိုရင် UNFC အနေရော၊ တိုင်းရင်းသား လက်နက်ကိုင် အားလုံးအနေနဲ့ လက်မှတ် ရေးထိုးပွဲကို လက်မခံဘူး။ အဲဒါကို ညှိနှိုင်း တိုင်ပင်ဖို့ အဓိ က ဖြစ်တယ်။ အဲဒါပြီးရင် နိုင်ငံရေးရ ဆွေးနွေး ကြမယ်ဆိုရင် တိုင်းရင်းသား အားလုံးနဲ့ စုစုစည်းစည်းနဲ့ ပါဝင်ဖို့ ဆောင်ရွက်ကြ ဖို့အတွက် ဆွေးနွေးကြမှာဖြစ်တယ်။
မေး ။        ။ UNFC ရဲ့ သဘောထားအရ ဆိုရင်တော့ အစိုးရရဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ ဟာ တိုင်းရင်းသား လက်နက်ကိုင်တပ် များ နေရာချထားရေး နဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အာမခံချက် ရှိရေးအပေါ်မှာ မူတည်နေပါ တယ်။ အဲဒါကို လိုင်ဇာ အစည်းအဝေးမှာ ဆုံးဖြတ်မှာလား။
ဖြေ ။        ။ ဟုတ်ပါတယ်။ အဲဒီကိစ္စအတွက် လိုင်ဇာ အစည်း အဝေးမှာ ဆုံးဖြတ်ကြမှာပါ။ အဲဒီပွဲမှာဆိုရင် အဖွဲ့တွေ အစုံအလင် ဆုံးဖြတ်မယ်။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ စုံစုံလင်လင် နဲ့ ထိပ်သီး ခေါင်းဆောင်များ တက်ရောက်ကြပြီးတော့ အဲဒီမှာ အဆုံးအဖြတ် ယူကြမှာပါ။ အဲဒီ နေရာမှာ အစိုးရဖက် ကနေ နေပြည်တော်မှာ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ လုပ်လာတဲ့ အပေါ်မှာ အဖွဲ့တချို့ နဲ့ အပစ်ရပ်ခဲ့ ပြီးတော့မှ အဖွဲ့တချို့ ကို ဖိတိုက်လာ တဲ့သဘောမျိုး မဖြစ်အောင်လည်း အကာအကွယ် လုပ်ထားရပါလိမ့်မယ်။
နောက်ပြီးတော့ အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတော့ သိပ်မကြာတဲ့ကာလမှာ ပြန်ပြီး တိုက်ခိုက်တဲ့ ပုံစံမျိုး မဖြစ်အောင်လည်း ကာကွယ်သွား ရပါလိမ့်မယ်။ ပြီးတော့မှ အပစ်ရပ်ရေး လက်မှတ် ထိုးပြီးရင် နိုင်ငံရေးအရ ဆွေးနွေးဖို့ အဲဒါ သေသေချာချာ နဲ့ မြန်မြန် ဆန်ဆန်ဖြစ်ဖို့ အဲဒါကိုလည်း UNFC က စဉ်းစား ထားပါတယ် ဒါလည်း အရေးကြီးတယ်။ အဲဒါကြောင့် ဒီကိစ္စမှာ UNFC အနေနဲ့ အစိုးရဖက်က တပြည်လုံး အပစ်အခတ် ရပ်စဲရေး ကို ကြေညာပေး ဖို့တာင်းဆိုမယ်။ နှစ်ဖက်တပ် တွေက တချို့နေရာတွေမှာ ရောနှောနေတယ်။ နေရာဒေသ ရှုပ်ထွေး နေတယ်။ အဲဒါတွေကိုလည်း ပြန်ပြီး နေရာချထား ပေးရမယ်။ သဘောက ကပ်နေတဲ့ တပ်တွေ ကိုပြန် ခွာ ပေးရမယ်။  တပ်တွေရဲ့ လှုပ်ရှားဂွင် တွေကိုလည်း သတ်မှတ်ပေးရမယ်။ တပ်တွေ လိုက်နာဖို့ စည်းမျဉ်း စည်းကမ်းတွေ ရှိရမယ်။ အဲဒီလိုရှိမှလည်း လက်မှတ်ထိုး မယ် ဒါမှ တပ်အချင်းချင်း တိုက်ခိုက်မှု တွေကို ရှောင်ရှား နိုင်လိမ့်မယ်။
အဲဒီလို စည်းမျဉ်းတွေ ရှိလာမှ တဖက်မှာလည်း စောင့်ကြည့်ရေး အဖွဲ့ တွေနဲ့ ဖွဲ့စည်းထား ပေးရမှာနော်။ အဲဒီလိုမျိုး အစီစဉ်တွေ အတိအကျ အခိုင်အမာ ရှိနေဖို့ လိုပါ တယ်။ သဘောကတော့ အဲဒီလို အခိုင်အမာ ပြင်ဆင်ထားပြီး လက်မှတ် ထိုးပြီးခဲ့ရင် နိုင်ငံရေး အရဆွေးနွေးဖို့  ပြင်ဆင်ရ မယ်။ မြန်မြန် ဆန်ဆန် ဖြစ်ဖို့ လိုတယ်။ အဲဒါတွေလည်း အသေအချာ အတိအကျ ဖြစ်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် အပစ်ရပ်ရုံဘဲ ရပ်ထားပြီးတော့ အချိန်ကို ဆွဲထားမယ် ဆိုရင် အရင်ကလိုဘဲ အနှစ်နှစ် ဆယ်ကြာအောင် ဆွဲထားမယ်ဆိုရင် ဘာမှ မထူးဘူးပေါ့။
အဲဒီတော့ နိုင်ငံရေး ပြသနာကို မဆွေးနွေးဘဲနဲ့ တော့ ကျနော်တို့ နိုင်ငံဟာ ရေရှည်မှာ ဘယ်လိုမှ မအေးချမ်း နိုင်ပါဘူး။ ဒါကြောင့် အဓိကကတော့ နိုင်ငံရေး ပြသနာ ကို ဆွေးနွေးဖို့ ဆိုတဲ့ နားလည်မှုကို ရတဲ့အထိ ကြိုးစားသွားမယ်လို့ UNFC အနေနဲ့ သဘောထား ရှိပါတယ်။
၆ ။        ။ အကယ်၍ လိုင်ဇာရဲ့မူသဘောထားကို အစိုးရဖက်က လက်မခံဘူးဆိုရင် ရှေ့ဆက်ဘာလုပ်ဖို့ရှိပါသလဲ။         
တကယ်လို့ လိုင်ဇာမူ သဘောထား ဆုံးဖြတ်ချက် တွေကို အစိုးရဖက်က လက်မခံဘူး ဆိုရင် ပြန်လည် ညှိနှိုင်းဖို့ လိုမယ်ဆိုရင်လည်း ညှိနှိုင်းမှာ ပေါ့လေ။ ညှိနှိုင်းလို့ ရသလောက် ဆိုရင်လည်း ရသလောက် အကောင်အထည်ဖေါ် သွားမှာပေါ့ လေ။  တကယ်လို့ ညှိနှိုင်းလို့မှ မရတော့ဘူး ဆိုရင်တော့ လည်းဒီအတိုင်းဘဲ ပြည်တွင်း စစ် က ဆက်လက် ရှည်ကြာ နေဦး မှာဘဲလို့ မြင်မိတယ်လေ။
မေး ။        ။ ဆရာအနေနဲ့ ဘာများထပ်ဖြည့်ပြီး ပြောချင်သေးလဲ။       
ဖြေ ။        ။ ထပ်ပြောချင်တာ ကတော့ ပြည်တွင်း စစ်ဟာ နှစ်ပေါင်း (၆၅) နှစ် လုံးလုံးဖြစ်လာ ခဲ့တယ်။ အဲဒီ ပြည်တွင်း စစ်ကြောင့် မြန်မာနိုင်ငံက တော်တော်လေး ကို ခေတ်နောက်ကျ နေတယ်။ ပျက်စီးနေတယ်။ အတွေးအခေါ် အရလည်း တော်တော်လေးကို ချို့ယွင်း အားနည်း နေတယ်။ လူမျိုးရေး အရလည်း တမျိုး ပေါ် တမျိုး အတော့်ကို အမုန်းပွားနေ ကြတယ်။ အဲဒါတွေကို ပြုပြင် ပြီးရင်တော့ နိုင်ငံ အေချမ်းသာယာ တိုးတက်ရေးကို စုပေါင်း ဆောင်ရွက်ကြပြီး အခုအချိန် မှာ အဆင့် တခုထဲကို ရောက်ရှိနေပါပြီး ဖြစ်တယ်။
အဲဒါကြောင့် ဆရာတို့ရဲ့ လိုင်ဇာ အစည်းအဝေး သဘောထား ဆုံးဖြတ်ချက် တွေကို အစိုးရနဲ့ ညှိနှိုင်းတိုင်ပင်လို့ အဆင်ပြေခဲ့ရင် ဒီအချိန်ကစပြီး အကောင်းဖက် ကို ကူးသွားနိုင်မှာ ဖြစ်တယ်။ ဒါက တံခါးပေါက်ပွင့် သွားတဲ့ သဘောပေါ့လေ။ ဒါမှမဟုတ် မပြေလည်ဘူး ဆိုရင်တော့ ဒီအတိုင်းသာ ရှည်ကြာ နေဦးမှာဖြစ် တယ်။ ဖြစ်သင့်တာက ပြည်ထောင်စု အကျိုး၊ တိုင်းရင်းသား အကျိုးတွေကို မျှော်ကိုးပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတွေကို နှစ်ဖက်စလုံး ကနေ ပြီး သဘောထား ကြီးကြီးနဲ့ ဆောင်ရွက်သွား ကြဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

No comments:

Post a Comment