address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, October 25, 2013

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ KNU နှင့် RCSS တို့ တင်ပြလာသည့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်မူကြမ်းကို အစိုးရ အဖွဲ့အတွင်း ဆွေးနွေးနေ

25.10.2013

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်မည့် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ မတိုင်မီတွင် KNU နှင့် RCSS အဖွဲ့တို့မှ တင်ပြလာသည့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်းကို အစိုးရအဖွဲ့အတွင်းဆွေးနွေးပြီး ညှိနှိုင်းနေကြောင်း အောက်တို ဘာ ၂၄ ရက်က ပြုလုပ်ခဲ့သည့်ငြိမ်းချမ်းရေးအတွက် ရည်ရွယ်သော ၆ ကြိမ်မြောက် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ဖိုရမ်တွင် မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) မှ တာဝန်ရှိသူများက ပြောကြားသည်။

''တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေမှာ သူတို့ရဲ့ လက်ထဲမှာ Paper တစ်ခုရှိတယ်။ အဲဒီ Paper က Comprehensive Ceasefire ဆိုတဲ့ Paper ပါ။ အဲဒီ Paper ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးကို ကိုယ်စားပြုတယ်လို့ ကျွန်တော် မဆိုလိုပါဘူး။ ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် အများစုထဲမှာ ဒီ Paper ရှိပါတယ်။ အဲဒီ Paper ကို နည်းနည်းပိုပြီးတော့ ဆက်ဆံရေးများတဲ့ KNU ခေါင်းဆောင်များနဲ့ RCSS ခေါင်းဆောင်များကနေ ပြီးတော့ ယူလာတာကို တွေ့ရပါတယ်။ ဒီယူလာတဲ့ Paper ကို MPC မှာ ဆွေးနွေးရင်း ကနေပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့ အကြမ်းအားဖြင့်ပေါ့လေ ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်လို ဟာမျိုးတွေကို ထုတ်တာဖြစ်ပါတယ်။ အခုချိန်မှာ ဒီဟာတင် အတည်ပြုတာ မဟုတ်ပါဘူး။ နှစ်ဖက်ဆွေးနွေးရင်းနဲ့ Draft တွေဆိုတဲ့ အကြမ်းဖျင်းပဲ ရှိပါတယ်။ ကျွန်တော်တို့ နားလည်တာကတော့ ဒီ Draft ကို အစိုးရ တာဝန်ရှိသူများလည်း ဆွေးနွေးနေတယ်လို့ နားလည်တယ်။ ပြင်ဆင်နေတယ်လို့ပဲ နားလည်တယ်'' ဟု MPC မှ ဦးလှမောင်ရွှေက ပြောကြားသည်။

အဆိုပါ Comprehensive Ceasefire Draft သည် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (WGEC) မှ ရေးဆွဲထားသော မူကြမ်းဖြစ်ပြီး WGEC ကိုယ်တိုင်က MPC သို့ တင်ပြထားကြောင်း သိရသည်။

က်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကေအိုင်အို ဌာနချုပ် လိုင်ဇာတွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီးဆွေးနွေး

အာ
ပွဲတွင်လည်း ထိုမူကြမ်းကို ဆွေးနွေးကြမည်ဖြစ်ပြီး ဆွေးနွေးမှု ရလဒ်များကို အခြေခံ၍ နိုဝင်ဘာ ၃ ရက် နှင့် ၄ ရက်တွင် အစိုးရအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြစ်ကြီးနားတွင် ဆက်လက် ဆွေးနွေးမည်ဟု သိရှိရသည်။

အခြားတစ်ဖက် တွင်လည်း WGEC မှ နုတ်ထွက်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ပါဝင်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) ၏တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုးရာတွင် ပါဝင်ရမည့်အချက်များ ပြောဆိုထားမှုကိုမူ MPC မှ ဦးလှမောင်ရွှေက သီးခြားမှတ်ချက် ပေးခဲ့ခြင်း မရှိပေ။

''အခုကျွန်တော်တို့ ကြားတာ (လိုင်ဇာထိပ်သီး ဆွေးနွေးပွဲမှာ) ၁၅ ဖွဲ့ ၁၆ ဖွဲ့ လောက် တက်မှာဆိုတော့ ဒါအများဆုံးပဲလေ။ အဲဒီမှာ ဆွေးနွေးတဲ့ အချက်ကပဲ အားလုံးရဲ့ အဓိကပေါ့။ ဘယ်နှရာခိုင်နှုန်း သဘောတူ မတူတော့ မသိရဘူး။ ရပ်တည်ချက် တစ်ခုခုတော့ လာမှာပဲ။ အဲဒီရပ်တည်ချက်နဲ့ ကျွန်တော်တို့ ဒီဘက်က လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းတို့နဲ့ဆွေးနွေးညှိနှိုင်းရမှာပဲ။ ကျွန်တော်တို့ မျှော်လင့်တာက အခုဟာက ရင့်မှည့်နေတဲ့ အနေအထားမျိုး။ ကျွန်တော်ကတော့ ၈၅ ရာခိုင်နှုန်းဖြစ်မယ်လို့ ယုံကြည်တယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်း ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ကံတရားပေါ့'' ဟု ဦး လှမောင်ရွှေက ပြောကြားသည်။

eleven media group

No comments:

Post a Comment