address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, October 30, 2013

ဆင်းရဲသောနိုင်ငံများအတွက် ဘရာဇီးနှင့် ဘီဂိတ်ဖောင်ဒေးရှင်းတို့ပူးပေါင်း ကာ ကာကွယ်ဆေး ထုတ်လုပ်ရန်စီစဉ်




30.10.2013

ကမ္ဘာပေါ်ရှိ ဆင်းရဲမွဲတေသော နိုင်ငံများအတွက် ရည်ရွယ်ကာ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ နှစ်မျိုးစလုံးကို ဆေးတစ်လုံးတည်းဖြင့် တိုက်ဖျက်နိုင်မည့် ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်မည်ဟု ဘရာဇီးနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာန က ဆိုသည်။ လက်ရှိအချိန်တွင် ယင်းသို့သော ကာကွယ်ဆေးကို အိန္ဒိယ တစ်နိုင်ငံတည်းက ထုတ်လုပ်လျက်ရှိသည်။

ကျန်းမာရေး ၀န်ကြီးဌာနသည် ၂၀၁၇ခုနှစ်တွင် ဆင်းရဲသော နိုင်ငံများ၊ အထူးသဖြင့် အာဖရိကကဲ့သို့သော နိုင်ငံများတွင် ရောဂါနှစ်မျိုးသုံး ကာကွယ်ဆေး တစ်လုံးကို အမေရိကန် ၅၄ဆင့်ဖြင့် ရောင်းချနိုင်ရန် ဒေါ်လာ ၇၂၇ သန်းမြုပ်နှံလုပ်ကိုင် မည်ဖြစ်ကြောင်း၊ အမေရိကန်မှ Bill & Melinda Gates ဖောင်ဒေးရှင်းကလည်း ပူပေါင်းပါဝင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ရည်မှန်ထားနှစ်တွင် ကာကွယ်ဆေး အလုံးပေါင်း သန်း၃၀ ထုတ်လုပ်နိုင်ရန် စီမံလုပ်ကိုင်ကြမည်ဟု ဆိုသည်။

ဆေးဝါးထုတ်လုပ်မှု စက်ရုံကို ဘရာဇီး အရှေ့တောင်ပိုင်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ရီအိုဒေဂျနဲမြို့ရှိ Bio-Manguinhos တက္ကသိုလ်တွင် တည်ဆောက်မည်ဖြစ်သည်။ ယင်းဆောက်လုပ်ရေးအတွက် ဘီလ်ဂိတ်၏ ဖောင်ဒေးရှင်းမှ ဒေါ်လာ ၁ဒဿမ၁ သန်း ထည့်ဝင် ကူညီမည်ဖြစ်သည်။

၂၀၁၁က ကမ္ဘာပေါ်တွင် ၀က်သက်ရောဂါကြောင့် သေဆုံးသူပေါင်း ၁၅၈၀၀၀ဦးအထိ ရှိခဲ့ပြီး အဖိတ်အစင်အများဆုံး နိုင်ငံများမှာ ဆင်းရဲသော တိုင်းပြည်များမှ ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏
စစ်တမ်းများက ဆိုသည်။


မြန်မာ့ခေတ်

No comments:

Post a Comment