1.2.2014
ကရင်လူငယ်အဖွဲ့ပေါင်း (၄၀)ကျော်မှကိုယ်စားလှယ်ပေါင်း (၃၈၉) ဦးတက်ရောက်ကြပြီးကရင်လူငယ်များစည်းလုံးညီညွတ်ရေးနှင့်အမျိုးသားရေးအတွက်မည်သည့်အခန်းကဏ္ဍ မှ ပါဝင်ဆောင်ရွက် ရမည်ကို ညှိနှိုင်း ကြသည့် အမြင်ဖ လှယ်ကြ သည့် ဆွေးနွေးပွဲ ဖြစ်ပါသည်။
အထူးသဖြင့် ကရင်လူငယ် ကွန်ယက်များ တည် ထောင်ခြင်း၊ အကူးအ ပြောင်း ကာလ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင် ရမည့် ကဏ္ဍ အားလုံးအား ဆွေးနွေးနိုင် ရန် နှင့် နိုင်ငံလုံး ဆိုင်ရာ ကရင်လူငယ် များ တွေ့ဆုံ ဆွေးနွေး နိုင်ရေးကို ရည်ရွယ်ကျင်းပကြခြင်းဖြစ်ပါသည်။
အမြင်ဖလှယ်ပွဲရလာဒ်များမှာ။ပြည်နယ်တိုင်းရှိကရင်လူငယ်များအချင်းချင်းအချိန်မှန်တွေ့ဆုံခွင့်ရရန်။ လက်ရှိငြိမ်းချမ်းရေးအကြိုကာလတွင်ပြည်သူများရင်ဆိုင်နေရသောမူးရစ်ဆေးဝါးပြသနာကိုဝိုင်းဝန်းတိုက်ဖျက်ရန်။သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များကိုဖျက်ဆီးနေသည့်ကုမ္ပဏီများအား ဖေါ်ထုတ် တားဆီးသွားရန်။ ဖွံ့ဖြိးရေး ကို အလွှဲသုံးစား ပြုနေသော လုပ်ငန်းများ အား ဖေါ်ထုတ် အရေးယူ သွားရန်။
ကျန်းမာရေး အပါဝင် စာပေ ယဉ် ကျေးမှု များကို ထိမ်းသိမ်းစောင့် ရှောက်သွားရန်။ ကရင်လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန် ထက်မြက် လာစေရန်။ စစ်မှန်သည့် ကရင့်သမိုင်းကို ကရင်လူငယ်များ သိရှိလာစေရန် အတွက် ၀ိုင်းဝန်းပူး ပေါင်း ဆောင်ရွက် သွားရန်နှင့် ကရင်လူငယ် များ ပညာရေး မြင့်မားလာ စေရန် ချိတ်ဆက် ပူးပေါင်း ဆောင်ရွက် ကြ ရန် သဘောတူ ကြပါသည်။
ကရင် လူငယ်များ ကွန်ယက်အဖွဲ့ သည် (၃)လတကြိမ် ပုံမှန် ဆွေးနွေးကြပြီး လုပ်ငန်း တိုးချဲ့သည့် အနေဖြင့် နောင် ကျင်းပမည့် အမြင် ဖလှယ် ပွဲများတွင် နိုင်ငံတကာ ကရင်လူငယ် များ ပါ ဖိတ်ကြား သွားရန် ရည်ရွယ် ထားကြပါသည်။
ယင်းအမြင်ဖလှယ်ပွဲသို့ရ န်ကုန်၊ မွန်၊ ပဲခူး၊ ဧရာဝတီ၊တနင်္သာရီတိုင်း အထက် မြန်မာပြည် နှင့် ထိုင်း-မြန်မာ နယ် စပ် မှ ကရင် လူငယ်များ၊ကေအဲန်ယူ ကရင် အမျိုးသား အစည်း အရုံး နှင့် ဒီကေဘီအေ အဖွဲ့ မှ ကိုယ်စား လှယ် များ ပါတက်ရောက် ခဲ့ကြပါသည်။
ရွှေဟင်္သာ
No comments:
Post a Comment