address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, February 1, 2014

ဇွဲကပင် ကေဘယ်လ်ကားစီမံကိန်း ရန်ပုံငွေတရားပွဲ မြ၀တီမြို့နယ်နှင့် ထိုင်းနယ်စပ်တို့တွင် ပြုလုပ်မည်


1.2.2014

ကရင်ပြည်နယ်ရှိ ဇွဲကပင်ကေဘယ်လ်ကားစီမံကိန်း ရန်ပုံငွေရရှိရေးအတွက် ဖေဖော်ဝါရီလတွင် မြ၀တီ မြို့မှ ထိုင်းနယ်စပ်ထိ ၁၀ ရက်ကြာ ပြုလုပ်မည်ဖြစ်သည်ဟု ဘယ်လ်ကားစီမံကိန်းဖြစ်မြောက်ရေး ကော် မတီမှ အတွင်းရေးမှူး-၂ ဦးစောအောင်ချစ်က မဇ္ဈိမကို ပြောသည်။

ဇွဲကပင်တောင် ဆံတော်ရှင် ကေဘယ်လ်ကားစီမံကိန်းအား ပီနန်ဆရာတော်၊ ဇွဲကပင်တောင်ဆရာတော် နှင့် သုံးထပ်ကျောင်းဆရာတော် သုံးပါးတို့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါရန်ပုံငွေရရှိ ရေးအတွက် ဆရာတော်ကြီးများမှ ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိ မြ၀တီရှိဒေသများနှင့် ထိုင်းနိုင်ငံ နယ်စပ်မြို့အထိ တရားပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဦးစောအောင်ချစ်က “စီမံကိန်းဆောင်ရွက်ဖို့ မြေတိုင်းတာတွေ၊ စာဘေးလုပ်ထားတာတွေ အားလုံးပြီးလို့ ဆွစ်ဇလန်(နိုင်ငံ)ကို အချက်အလက်တွေ ပို့ထားပြီ”ဟု ပြောသည်။

ယင်းတရားပွဲကို ဖေဖော်ဝါရီ ၁ ရက်မှ၂ ရက်ထိကို မေတ္တာလင်းမြိုင်၊ ၃ ရက်မှ ၄ ရက်ထိ ရွှေကုကိ္ကု၊ ၅ ရက်မှ ၆ ရက်ထိ တပ်မအန်(ထိုင်းနိုင်ငံဘက်ခြမ်း)၊ ၇ ရက်မှ ၈ ရက်ထိ ဝေါ်လီမြိုင်၊ ၉ ရက်မှ ၁၀ ရက်ထိ မြ၀တီတွင် ဆရာတော်ကြီးများက တရားပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

ဇွဲကပင် ကေဘယ်လ်ကားစီမံကိန်း ရန်ပုံငွေရရှိရေးအတွက် ဆရာတော်ကြီးများက ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မန္တလေး၊ ကလော၊ အောင်ပန်း၊ တောင်ကြီးတို့တွင် တရားပွဲများပြုလုပ်ခဲ့ပြီး ယင်းဒေသ များတွင် ဇွဲကပင်ကေဘယ်လ်ကား စီမံကိန်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ခွဲများလည်း ဖွဲ့စည်းခဲ့သည်။

ကေဘယ်ကားစီမံကိန်း ဖြစ်မြောက်ရေးအတွက် တရားပွဲများနှင့် ဖျော်ဖြေပွဲများကို ၂၀၁၃ သြဂုတ်လက တည်းက ပြုလုပ်ခဲ့ပြီး ကရင်လက်နက်ကိုင် အဖွဲ့အစည်းများကလည်း လှူဒါန်းမှုများရှိခဲ့ရာ ကျပ်သိန်း ၄,၀၀၀ ကျော်သာ ရရှိသေးပြီး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်း၂၀ ကျော် (ကျပ်ငွေသိန်းပေါင်း နှစ်သိန်း) ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

ယင်းစီမံကိန်း ဖြစ်မြောက်ရေးကော်မတီမှ ပြန်ကြားရေမှူး ဦးစောကြည်ဝင်းကလည်း “ဇွဲကပင်တောင် သာသနာ့မြေက ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဇွဲကပင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းစောင့် ရှောက်ရေးအသင်း ဖွဲ့မယ်။ အဲဒီအသင်းအောက်မှာ ကေဘယ်လ်ကားစီမံကိန်း ပါတယ်”ဟု ပြောသည်။

ယင်းစီမံကိန်းအတွက် လိုအပ်သည့် အစိတ်အပိုင်းများကို ဆွစ်ဇာလန်နှင့် သြစတြေးလျနိုင်ငံတို့မှ မှာယူ မည်ဖြစ်ပြီး မလေးရှားမှ ပညာရှင်များနှင့် မြန်မာအင်ဂျင်နီယာများ ပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ တည် ဆောက်မည်ဖြစ်သည်။

ကေဘယ်လ်ကားသည် လူ ၄၀ အထိ စီးနင်းနိုင်သော အကြီးစားဖြစ်ပြီး ကေဘယ်လ်ကားကြိုးကို လျှပ် စစ်မော်တာဖြင့် ဆွဲတင်ပို့ရသည့် စနစ်ဖြစ်သည်။ ကေဘယ်လ်ကားတပ်ဆင်ပြီးသွားပါက အထက်နှင့် အောက် ၁၆၅၀ မီတာ ကွာဝေးသော ဇွဲကပင်ဆံတော်ရှင်စေတီကို မိနစ်အနည်းငယ်ခန့်ဖြင့် ရောက်ရှိနိုင် မည်ဖြစ်ကြောင်း သိရသည်။

Mizzima

No comments:

Post a Comment