address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, March 26, 2014

မြဝတီမြို့နယ် NLD ရုံးဖွင့်ပွဲ အခမ်းအနားကို DKBAအဖွဲ့မှ ဗိုလ်ဆန်းအောင် တက်ရောက်ခဲ့




26.3.2014

အခမ်းအနားကို တက်ရောက်လာရတဲ့ အကြောင်းကို ဗိုလ်ဆန်းအောင် က အခုလို့ရှင်းပြတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ကျနော်တို့ရဲ့ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်နဲ့ တသွေးတသားတည်း တထပ်တည်းပြောရင်လဲ မမှားပါဘူး။ NLD ရဲ့ လှုပ်ရှားမှုကို ကျနော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်တာ ဝန်းရံတာတွေ မလုပ်ဘူးဆိုရင် ကျနော်တို့ တာဝန်မဲ့ရာကျတယ်။ ဒါကြောင့် ဒီအခမ်းအနားကို တက်ရောက်လာရခြင်းဖြစ်တယ်။

DKBA အနေနဲ့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ အခြေအနေတွေ ဘယ်တော့ ဖြစ်လာမလဲလို့ မေးကြည့်တဲ့အခါမှာတော့

အခြေအနေကို ကြည့်မယ်လေ၊ လက်ရှိငြိမ်းချမ်းရေးအနေအထားကလဲ ဘယ်လိုပြောမလဲ လှည့်ဖြားတဲ့ ငြိမ်းချမ်းရေးတခုလို့ ခံစားနေရအတွက် ပါတီထောင်မယ့် အနေအထားတော့ မရှိသေးပါဘူး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအခြေအနေ သိသာထင်ရှားလာပြီဆိုရင်တော့ အဲဒီ အဆင့်တွေကို ကျနော်တို့ သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒီအချိန် ဒီကာလမှာတော့ လှည့်ဖြားနေတဲ့ ငြိမ်းချမ်းရေးလို့ မြင်တဲ့အတွက်ကြောင့် ပါတီထောင်ဖို့တော့ မစဉ်းစားသေးပါဘူး။ လို့ ပြောပြသွားပါတယ်။

မြဝတီမြို့နယ် NLD ရုံးဖွင့်ပွဲကို အဖွဲ့ချုပ် နာယက ဦးတင်ဦး အပါအဝင် NLD ကရင်ပြည်နယ်မှ ဗဟိုကော်မတီဝင်များ ပြည်နယ် ဥက္ကဋ္ဌ တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

မြဝတီ ခရိုင်ရုံး ၊ မြဝတီမြို့နယ်ရုံး၊ အမှတ် ၃ ရပ်ကွက် ၊ ရပ်ကွက် ၂ ၊ ရပ်ကွက် ၅ ၊ ရပ်ကွက် ၁ (ဆိုင်းဘုတ်မတင်) ၊ အင်ကြင်းမြိုင်ရွာ ၊ မဲ့ထော်သလေးရွာ ၊ အေးသုခ ၊ သင်္ဃန်းညီနောင် ၊ ဝှေ့ရှမ်း ၊ မဲ့ပလယ် ၊ ပေါလော သံပုရာ ၊ မင်းလက်ပန်ရွာ ၊ ထီဝါးပလော စတဲ့ မြဝတီခရိုင်အတွင်းက ကျေးရွာနဲ့ ရပ်ကွက်တွေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွေ ဖွင့်လှစ်ခဲ့ပြီးကြောင်း သိရှိရပါတယ်။

88 Generation

No comments:

Post a Comment