address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 17, 2014

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ အပြင်ကွင်းကလေးကျေးရွာအုပ်စု၊ ထီးမူထကျေးရွာ နှင့် အတွင်းမဲကနယ် ကျေးရွာအုပ်စု၊အတွင်းမဲကနယ် ကျေးရွာ များမှ ဆေးကုသရေးအဖွဲ ရဲ့  မြင်ကွင်းများ


(၆၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အဖြစ်အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏စီစဉ်မှုဖြင့်သင်္ကန်းညီနောင်တပ်နယ်တပ်မတေနယ်လှည့်ဆးကုသရေးအဖွဲ့မှ၂၀၁၄ခုနှစ်၊မတ်လ(၁၄)ရက်နှင့်(၁၅)ရက်နေ့များတွင်ကရင်ပြည်နယ်၊မြ၀တီမြို့နယ်အပြင်ကွင်းကလေး ကျေးရွာအုပ်စု၊ထီးမူထကျေးရွာနှင့်အတွင်းမဲကနယ်ကျးရွာအုပ်စု၊အတွင်းမဲကနယ်ကျးရွာတို့တွင်ဆေးကုသမြှု ပု လုပ်ဆောင် ရွက်ပေး ခဲ့ပါသည်။


၂၀၁၄ခုနှစ်၊မတ်လ (၁၄) ရက် တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ အပြင်ကွင်းကလေး ကျေးရွာ အုပ်စု၊ ထီးမူထကျေးရွာ မူလတန်း လွန် ကျောင်းတွင် (၆၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်း အမှတ်အဖြစ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တပ်မတော်နယ်လှည့် ဆေးကုသရးအဖွဲ့မှအပြင်ကွင်းကလေးကျးရွာအုပ်စုရှိဒသခံပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအဆင့်မြှင့်ဆောင်ရွက်ပေးခဲ့ရာ ဒေသခံ ပြည်သူအင်အား (၂၇၀)ဦးခန့် ကို ဖျားနာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊မျက်စိရောဂါနှင့်အထွေထွေရာဂါ များ စမ်းသပ်ကုသပေးခြင်း၊ အကြော ဆေး၊ အားဆေးများ ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။


အလားတူကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊အတွင်းမဲကနယ်ကျေးရွာအုပ်စု၊အတွင်းမဲကနယ် ကျေးရွာ ဆေးပေး ခန်းတွင်လည်း ၂၀၁၄ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် (၆၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သင်္ကန်းညီနောင် တပ်နယ် နယ်လှည့်ဆေးကုသရေး အဖွဲ့မှ ဒေသခံပြည်သူများ၏ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင့်မြှင့်ဆောင်ရွက်ပေးခဲ့ရာ ဒေသခံ ပြည်သူအင်အား(၃၂၀)ဦးကို ဖျားနာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံး ရောဂါ၊ ဆီးချိုရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊မျက်စိရောဂါနှင့်အထွေထွေရောဂါခံစားနေကြရသောပည်သူများ၏ ကျန်းမာရေးအခြေအနေများကို စမ်းသပ်ကုသပေးခြင်း၊ အကြောဆေး၊ အားဆေးများ ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးခဲ့ပါသည်။ထိုသို့စစ်ဆေးကုသပေးမှုများကို သင်္ကန်းညီနောင်တပ်နယ်ရှိ၊ တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု အားပေးခဲ့ပါသည်။

ဒေသခံပြည်သူလူထုအနေဖြင့်တပ်မတော်၏ ယခုကဲ့သို့ဆောင်ရွက်ပေးမှုများအပေါ်နှစ်ထောင်း အားရ ကာ ကျေနပ်ပျော်ရွင်နေကြပြီး ယခုကဲ့သို့စစ်ဆေးကုသမှုကိုခံယူရခြင်းသည်ငြိမ်းချမ်းရေး၏အသီးအပွင့်များကိုခံစားရခြင်းဖြစ်ကြောင်းသို့အမြဲလာရောက်ဆောင်ရွက်ပေးစေလိုကြောင်း၊လာရောက်ဆးကုသပေးသည့်တပ်မတော်သားများနှင့်စီစဉ်ညွှန်ကြားပေးသည့် တပ်မတော်အကြီးအ ကဲများ အပေါ်လွန်စွာကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေးမှထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆောင် ရွက်ပေး ကြ ရန်လိုလားလျက် ရှိကြကြောင်းသတင်းရရှိပါသည်။

 Ko shwe Nawady

No comments:

Post a Comment