address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 31, 2014

ထီလုံကျေးရာတပ်သိမ်းမြေများ ပြန်လည်စွန့်လွှတ်ရာတွင် ချန်လှပ်ခံရသော လယ်သမားများ၏လယ်မြေများအတွက် ကာကွယ်ရေး ပြည်ထောင်စု ၀န်ကြီးထံလွှတ်တော်ကိုယ်စားလှယ်များစုပေါင်း လက်မှတ်ထိုးတင်ပြ




31.3.2014

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ နယ်ထီလုံကျေးရာ၌ တမီလ်လူမျိုးများဘိုးဘွားစဉ်ဆက်စိုက်ပျိုး လုပ်ကိုင်ခဲ့သော လယ်မြေဧက ၁၀၀ ကျော်ခန့်ကို ၁၉၉၅ ခုနှစ် တွင် အမှတ် (၂၀၃) ခြေမြန်တပ် ရင်းတည်ဆောက်ရာတွင် တစ်ကြိမ်၊ စစ်မှုထမ်းဟောင်းအိမ်ရာကွက် ဖော်ရန်တစ်ကြိမ်၊ ၂၀၀၆-၂၀၀၇ ခုနစ်များတွင် တပ်မိသားစုသက် သာချောင်ချိရေးအတွက် စိုက်ပျိုး ရေးလုပ်ရန်တစ်ကြိမ်အကြိမ်ကြိမ် သိမ်းယူခဲ့ပြီး သက်ဆိုင်ရာကိုယ် စားလှယ်များ၏ လွှတ်တော်ကော် မရှင်လမ်းကြောင်းမှ တင်ပြမှုများ အရ တပ်ကသိမ်းဆည်းမြေများကို ပြန်လည်စွန့်လွှတ်သော်လည်း လယ်သမားအချို့၏လယ်မြေ ၁၈ ဧကခန့်ပြန်လည်စွန့်လွှတ်ရာတွင် ချန်လှပ်ခံရသည့်အတွက် ဒေသခံ ကိုယ်စားလှယ်သုံးဦး စုပေါင်း လက်မှတ်ရေးထိုး၍ပြည်ထောင်စု ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုထံ ကူညီဖြေရှင်းပေးရန် ၂၈.၃. ၂၀၁၄ ရက်စွဲဖြင့်တင်ပြခဲ့ကြောင်း သိရသည်။

“ဒီမြေသိမ်းခံရတာနဲ့ ပတ်သက် ပြီး ကျွန်တော်တို့လွှတ်တော်တက် နေစဉ်ရော၊ လွှတ်တော်နားချိန်မှာ ရော၊ ဒီကတမီလ်လယ်သမားတွေ က ငိုယိုပြီးလာလာတင်ပြကြတယ်။ ဒီကိစ္စပြည်ထောင်စုလွှတ်တော် ကော်မရှင်ကနေလွှတ်တော်၊ အဲဒီကနေ အစိုးရကိုတင်ပြတော့ ဒီ (၂၀၃) တပ်က မြေတွေပြန်လည် စွန့်လွှတ်ပါတယ်ဆိုပြီး စာထုတ် တယ်။ စာထုတ်ပြီးတပ်သိမ်းမြေ တွေ ပြန်စွန့်သော်လည်း လယ် သမားတွေအနေနဲ့ လက်ဝယ်ရရှိ ခြင်းမရှိသေးသလို အဲဒီလိုပြန်စွန့် ပါတယ်ဆိုတဲ့ထဲမှာ ပါမလာဘဲချန်ံခံရတဲ့ လယ်သမားတွေက လာတင် ပြတယ်။ ဒါကြောင့်ခုလိုမျိုးတပ် သိမ်းမြေပြန်စွန့်ရာမှာချန်လှပ်ခံရ တဲ့ လယ်သမားတွေနဲ့ ပတ်သက် ပြီးအဆင်ပြေအောင်ဆောင်ရွက် ညှိုနှိုင်းပေးဖို့ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်ကိုဒီကကိုယ် စားလှယ်တွေလက်မှတ်ထိုးပြီးတင် ပြတာပါ”ဟု တင်ပြရာတွင်ပါဝင်ခဲ့ သော လှိုင်းဘွဲ့မဲဆန္ဒနယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးစော သိန်းအောင်ကဆိုသည်။

ယင်းမြေများပြန်စွန့်ရာတွင် ချန်လှပ်ခံရသူများမှာ ဒေါပါးကျန်း (ဦးပိုင်N.10.42 ) ၊ ဒေါ်အန်တီ ကြီး (ဦးပိုင်-၄၀) ၊ ဒေါ်အာလမား (ဦးပိုင်-၄၃) ၊ဒေါ်ယာကားယီ (ဦးပိုင် ၇၉) ၊ဒေါ်ယဆမား (ဦးပိုင်N (1) ) စုစုပေါင်းဧက ၁၈.၄၃ ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာန ၏ (၁၆.၇.၂၀၁၃) ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် “တပ်မှ သိမ်းဆည်းမြေများပြန်လည် ပေးအပ်ရေးစဉ်းစားရာတွင် မြေ ပိုင်မှုအထောက်အထားပြည်ထဲရေး အမိန့် (လန-၃၉) ရရှိပြီးမှုတို့ အပေါ်အခြေခံစဉ်းစားခြင်းမပြု ကြောင်း၊ ဥပဒေကြောင်းရှုထောင့် ထက်လူမှုရေးရှုထောင့်မှစဉ်းစား ဆောင်ရွက်မည်”ဟူသော ပြည်ထောင်စုလွှတ်တော်တွင်းကတိ ကိုအခြေခံ၍ ယင်းကိစ္စအားညှိုနှိုင်း ပေးရန်တင်ပြခဲ့ခြင်းဖြစ်ကြောင်း တင်ပြစာအရသိရှိရသည်။

Hot News

No comments:

Post a Comment