address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 3, 2014

တိုင်းပြည်ကိုလက်နက်နဲ့ မကယ်တင်ဘဲမဲနဲ့ ကယ်တင်ရမယ်ဟုဦးမင်းဇေယျဆို




3.3.2014

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် မြန်မာနိုင်ငံဒေသတချို့တွင် နိုင်ငံ ရေးပါတီအရပ်ဘက်လူ့အဖွဲ့အစည်း နှင့် ပြည်သူများက ဆန္ဒဖော်ထုတ် ပွဲများကျင်းပပြုလုပ်လျက်ရှိသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်နေခြင်းကအပေါ် ၈၈ ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းအဖွဲ့မှ ဦးမင်ဇေယျက “ကျွန်တော်က ဥပဒေသမားဖြစ်တဲ့အတွက်ပုဒ်မ ၄၃၆ ကဖွဲ့စည်းပုံကိုပြင်ရမဲ့ပုဒ်မ ဖြစ်တယ်။ ဒီဖွဲ့စည်းပုံကိုပြင်ဖို့ တော့ပေးထားတယ်၊ပြင်လို့မရ အောင်လုပ်ထားတယ်။ ပြင်မယ် လို့ပြောရင် ၄၃၆ ကိုကျော်လို့မရ ဘူးဖြစ်နေတယ်။ ၄၃၆ ကို အရင်ပြင်လို့ရမှသာပြေပြေလည် လည်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြီးသွား မှာဖြစ်တယ်။ တကယ်လို့မကျော် နိုင်ဘူးဆိုရင် လူထုအားနဲ့ လမ်း ပေါ်ကိုထွက်ရတော့မှာပဲ။ တကယ် ကိုအကြပ်အတည်းတွေဖြစ်လာ တာကို မဖြစ်စေချင်ပါဘူး။သို့သော် လည်းဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ ကို အားလုံးကလက်ခံတယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေးကလည်းလက်ခံတယ်။ ကျန်တဲ့လူတွေအားလုံးကလက်ခံ တယ်ဆိုရင်လွှတ်တော်ထဲမှာလညှ်းှညှိလို့ရပါတယ်”ဟု ၎င်း၏အမြင် ကိုပြောသည်။

“ဒီပုဒ်မကိုပြင်လိုက်မယ်ဆိုရင် အေးအေးချမ်းချမ်းနဲ့ပြီးသွားမယ်။ အဲဒီမှာ ပြောစရာရှိတာက ဥပဒေ ရှုထောင်အရရော၊ ပြည်တွင်းအခြေ အနေအရရော၊ နိုင်ငံတကာအမြင် အရရော ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင်ဒီ ၄၃၆ ကို ဦးစား ပေးပြင်လိုက်ရင်ကျန်တဲ့ပုဒ်မတွေ ကို ပြင်ဖို့အတွက်လွယ်ကူသွားမှာ ဖြစ်တယ်။ ဒီပုဒ်မတွေရှိတယ်။ အဓိကကျသောပုဒ်မတွေပြင်ချင် တယ်ဆိုလို့ရှိရင်ပြည်ထောင်စု လွှတ်တော်မှာ ၇၅ ရာခိုင်နှုန်း အပေါင်းတစ်ရာခိုင်နှုန်းရှိရမယ် ဒါအပြင်ဆန္ဒခံယူပွဲလုပ်ရမယ်။ အဲဒီလိုလုပ်တဲ့နေရာမှာလည်း မဲပေးခွင့်ရှိသူထက်ဝက်ကျော်ပေး မှသာလျှင်အရေးကြီးတဲ့ ပုဒ်မတွေ ကို ပြင်ဆင်ခွင့်ရှိတယ်။ အရေး မကြီးတဲ့ပုဒ်မတွေပြင်မယ်ဆိုရင် လည်း လွှတ်တော်ထဲမှ ၇၅ ရာခိုင် နှုန်းထောက်ခံမှသာလျှင် ပြင်လို့ ရမယ်ဆိုတော့ အဲဒီအချက်တွေ က ပြင်လို့မရအောင်ဖန်တီထား တာဖြစ်ပါတယ်။ ကျွန်တော်အခု ကပြောခဲ့သလို၊ တပ်မတော်က ရော၊ ပြည်ခိုင်ဖြိုးရောပြင်ဖို့အတွက် သဘောတူပြီးသားဖြစ်တယ်။ သူတို့ကသဘောတူထားတာကို လက်တွေပြရတော့မယ်။ ဖွဲ့စည်း ပုံကိုပြင်ဆင်ဖို့အတွက် ဖွဲ့စည်း ထားတဲ့ ကော်မတီမှာအတိုက်ခံ ဘက်က (၂) ယောက်ထဲပဲပါတယ်။ ပြည်ခိုင်ဖြိုးကရော၊ ဒီမိုကရေစီလို လားတဲ့ပါတီမဟုတ်ဘူးလို့ပြောလို့ မရသလို၊ တပ်မတော်ကရော ဒီမိုကရေစီမလိုလာဘူးလို့ပြောလို့ မရတော့ဘူး”ဟု ၎င်းကထပ်ဆင့် ပြောသည်။

“သူတို့ပြောထားသလိုလက်တွေ့ မှာ ဘယ်လိုဆုံးဖြတ်တယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်။ အားလုံးကို တိုက်တွန်းရမယ်။ တပ်မတော်ကိုလည်း မေတ်္တာရပ် ခံမယ်။ တိုင်းပြည်ကိုလက်နက်နဲ့ မကယ်တင်တော့ဘဲမဲနဲ့ကယ်တင် ရမယ်ဆိုတာကိုပြောပြရမှာဖြစ် တယ်။ တကယ်ကိုလက်မခံရင် လက်ခံလာအောင်နည်းမျိုးစုံနဲ့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ် ၎င်းကဟုထပ်မံဆိုသည်။

Hot News

No comments:

Post a Comment