address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, September 11, 2014

မြန်မာ-ဗီယက်နမ် ဆီမီးဖိုင်နယ်ပွဲစဉ် အချိန်ပြောင်း





11.9.2014

၂၀၁၄ အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲအဖြစ် မြန်မာယူ ၁၉ အသင်းနဲ့ ဗီယက်နမ် ယူ ၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားမယ့်အချိန်ကို စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၄ နာရီအစား ည ၆း၄၅ နာရီကို ပြောင်းလဲလိုက်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြေညာထားပါတယ်။

အိမ်ရှင်နိုင်ငံရဲ့ ပရိသတ်တွေ အဆင်ပြေစေရေးအတွက် အသင်းမန်နေဂျာတွေနဲ့ မနေ့က ညှိနှိုင်းတိုင်ပင်ပြီး အခုလို အချိန်ပြောင်းလိုက်တာလို့ ဆိုပါတယ်။

ဒါကြောင့် ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် ညနေ ၄ နာရီမှာ ဂျပန်နဲ့ထိုင်း၊ ည ၆း၄၅ နာရီမှာ မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ ဗီယက်နမ်နိုင်ငံ my dinh အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

မြန်မာအသင်းယှဉ်ပြိုင်မယ့် ပွဲစဉ်တွေကို မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပြသွားမယ်လို့ ကြေညာထားပါတယ်။

DVB

No comments:

Post a Comment