address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, September 2, 2014

UNFC တွင် KNU ဆက်လက်ပါဝင်ခြင်းရှိ၊မရှိ ဗဟိုကော်မတီ အစည်းအဝေးခေါ် ဆုံးဖြတ်မည်


2.9.2014

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် ‘‘ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)တွင်ဆက်လက်ပါဝင်ခြင်း ရှိ၊ မရှိကိုဗဟိုကော်မတီအစည်းအဝေး ခေါ်ယူဆုံးဖြတ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

UNFC ညီလာခံသို့ ကေအင်န်ယူစာတမ်းတစ်စောင်ကို တင် သွင်းခဲ့ပြီး ယင်းစာတမ်းပါအချက်များအား အကျေအလည်ဆွေးနွေးနိုင်ခြင်းမရှိသဖြင့် UNFC အဖွဲ့ဝင် အဖြစ်မှ ယာယီရပ်ဆိုင်းကြောင်း ကေအင်န်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သြဂုတ် ၃၁ရက်စွဲဖြင့် ညီလာခံသို့ ပေးပို့ခဲ့သည်။

ယင်းစာတမ်းတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များစုပေါင်းလုပ်ဆောင်ရာတွင်ပို မိုအင်အားကောင်းစွာဆောင်ရွက် နိုင်ရန် UNFC၏ အားနည်းချက် များကို ပြုပြင်ပြောင်းလဲနိုင်ရန်သုံး သပ်အကြံပြုထားသည်။ UNFC က လက်ရှိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီသောပြုပြင်ပြောင်းလဲမှု မပြုလုပ်ပါကတိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများ၏ပူး ပေါင်းပါဝင်မှုကို ထိခိုက်စေနိုင် သည်ဟု မှတ်ယူပြီး အဖွဲ့ဝင်အဖွဲ့ အစည်းတစ်ခုခု၏ အချုပ်အခြာ အာဏာပိုင်မှုကို ထိခိုက်သည့်ဖွဲ့ စည်းလုပ်ဆောင်မှုကို ကရင်အမျိုးသား အစည်းအရုံးက လုံးဝလက်မခံနိုင်ကြောင်း ဖော်ပြထားသည်။

စာတမ်းကို အကျေအလည် ဆွေးနွေးနိုင်ခြင်းမရှိသဖြင့် ညီလာ ခံတက်ရောက်သည့် ကိုယ်စား လှယ်အားလုံးကို ပါဝင်မှုရပ်စဲခြင်း၊ ရှေ့ညီလာခံတွင် တာဝန်ထမ်း ဆောင်ရန်ကိုယ်စားလှယ်များကို စေလွှတ်မှုမရှိခြင်း၊ UNFCတွင် ဆက်လက်ပါဝင်ခြင်း ရှိ၊မရှိကို ဗဟို ကော်မတီတွင်ဆွေးနွေးဆုံးဖြတ် သွားမည်ဖြစ်ကြောင်းပါရှိသည်။

သီးခြားအတည်ပြုချက်မရရှိ သေးသော်လည်း KNUဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က စက်တင်ဘာ ၁ ရက်စွဲဖြင့် ညီလာခံအကြောင်း ကြားစာတစ်စောင် ပေးပိုခဲ့ကြောင်း ချင်းမိုင်မြို့မှ သတင်းရရှိသည်။

ယင်းအကြောင်းကြားစာ တွင် မူဝါဒဆိုင်ရာကိစ္စများကြောင့် ညီလာခံကြန့်ကြာခဲ့မှုကိုဝမ်းနည်း ကြောင်းခိုင်မာသည့် တပ်ပေါင်းစုတည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်း ပါဝင်ဆောင်ရွက်သွား မည်ဖြစ်ပြီး သဘောထားကွဲလွဲမှု များကို KNU အတွင်းပြန်လည်ညှိ နှိုင်း၍ UNFC တွင် ဆက်လက်ပါ ၀င်ဆောင်ရွက်သွားမည်ဟု ပါရှိ ကြောင်းညီလာခံတက်ရောက်နေ သူများကဆိုသည်။

ကေအင်န်ယူဥက္ကဋ္ဌ၊အထွေ ထွေအတွင်းရေးမှူးအပါအ၀င် ခေါင်းဆောင်ငါးဦးညီလာခံပြီးစီး သည်အထိ တက်ရောက်ခြင်းမရှိ သော်လည်း ဖဒိုစောဒေးဗစ်သာက ပေါအပါအ၀င်ကေအင်န်ယူ ကိုယ်စားလှယ်နှစ်ဦးမှာ UNFC ညီလာခံပြီးဆုံးသည်အထိ တက်ရောက်ခဲ့ကြောင်း ချင်းမိုင်မြို့မှရရှိသည့်သတင်းများအရ သိရသည်။

7Day Daily

No comments:

Post a Comment