address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, September 3, 2014

ကရင်လူထုအခြေပြု အဖွဲ့များအား ကရင်အမျိုးအစည်းအရုံး (KNU)နှင့် တွေ့ဆုံ ရှင်းလင်းပြောကြား




3.9.2014

ကရင်အမျိုးအစည်းအရုံး (KNU) သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC နှင့်ပတ်သက်သည့် ၎င်းတို့၏သဘောထားများကို ကရင်လူထုအခြေပြု အဖွဲ့အစည်းများအား ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ်တနေရာတွင် တွေ့ဆုံကာရှင်းလင်းပြောကြားခဲ့သည်။

(KNU) အဖွဲ့ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက (KNU) သည် အဖွဲ့၏မူဝါဒများအပေါ် ရပ်တည်မည်ဖြစ်ပြီး တိုင်းရင်းသားပူးပေါင်းပါဝင်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုသည်။

ကရင်လူထုအခြေပြုအဖွဲ့များမှ ကိုယ်စားလှယ်များက လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ အဖွဲ့အစည်းအတွင်း မလိုလားအပ်သော ဆိုးကျိုးများဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြသည့်အကြောင်း ဆွေးနွေးပြောဆိုခဲ့ကြသည်။

ပုံစာ - ကရင်အမျိုးသား - မီဒီယာ

No comments:

Post a Comment