address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, September 22, 2014

မြန်မာ လက်ဝှေ့ချန်ပီယံသစ် ဘယ်သူဖြစ်သွားပြီလဲ




22.9.2014

မြန်မာပြည် လက်ဝှေ့ချန်ပီယံ စိန်ခေါ်ထိုးသတ်ပွဲမှာ လက်ရှိချန်ပီယံ စောငမန်းနဲ့ သူ့ကို စိန်ခေါ်သူ ထွန်းထွန်းမင်း တို့ ဒီနေ့ ညနေက ရန်ကုန်မြို့တော်ရှိ သိမ်ဖြူ လက်ဝှေ့အားကစားရုံမှာ ထိုးသတ်ခဲ့ကြပါတယ်။ ချန်ပီယံဘယ်သူ ဖြစ်သွားလဲ။

ချန်ပီယံလုပွဲ ဖြစ်တာကြောင့် ပထမအချီ ပွဲအစမှာ ကစားသမား နှစ်ဦးလုံးက ပညာကုန် ယှဉ်ပြိုင် ခဲ့တာကြောင့် အကြိတ်အနယ် ရှိခဲ့ပါတယ်။ ပထမအချီ ၁ မိနစ် ၃၆ စက္ကန့်မှာ ထွန်းထွန်းမင်းရဲ့ ခေါင်းတိုက်ချက်ကြောင့် စောငမန်း အနားတောင်းခဲ့ရသလို စောငမန်းရဲ့ ဖြောင့်လက်သီးကြောင့် ထွန်းထွန်းမင်း ညာမျက်ခုံး ကွဲခဲ့ရပါတယ်။

တတိယအချီတွင် အလဲထိုးနိုင်သူကို ဆုငွေကျပ် ၁၀ သိန်း ထပ်ဆောင်းချီးမြင့်မည် ဆိုသောကြောင့် နှစ်ဦးလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သော်လည်း ဒုတိယအချီနှင့် တတိယအချီတွင် ပွဲဖြတ်နိုင်ခြင်း မရှိဘဲ ထွန်းထွန်းမင်းက ပွဲကို ဦးဆောင် ထိုးသတ်ခဲ့သည်။

တရဆက် တိုက်စစ်ဖွင့်ပြီး ပညာကုန်သုံး တိုက်လာတဲ့တဲ့ ထွန်းထွန်းမင်းရဲ့ ဘယ်ဒူးတိုက်ချက် စောငမန်း အရှိုက်ကို ထိခဲ့ပြီး တွဲပါလာတဲ့ ခေါင်းတိုက်ချက်ဒဏ်ကို တောင့်မခံနိုင်တော့တဲ့ စောငမန်း စတုတ္ထအချီ အရောက်မှာတော့ အရှုံးပေးခဲ့လိုက်ရပါတယ်။
အဲဒါကြောင့် ထွန်းထွန်းမင်းက လက်ရှိချန်ပီယံကို စောငမန်းကို အနိုင်ရခဲ့တာကြောင့် မြန်မာပြည် ချန်ပီယံသစ်ထွက် ပေါ်သွားခဲ့ပါပြီ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် မြန်မာပြည် ချန်ပီယံလုပွဲမှာ အဲဒီအချိန်က ချန်ပီယံ လုံးချော(ညောင်တုန်း) ကိုအမှတ်နဲ့ အနိုင်ရခဲ့ချိန် ကနေ ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က နောက်ဆုံး ထိုးသတ်ခဲ့သည့် တူးတူး (နဂါးမာန်)နဲ့ ပွဲထိ ချန်ပီယံဘွဲ့ကို ခြောက်နှစ်ကြာ ထိန်းထားနိုင်ခဲ့တဲ့ စောငမန်း ဒီရှုံးပွဲကြောင့် ချန်ပီယံဘွဲ့ကို ထွန်းထွန်းမင်းထံ လွှဲပြောင်းပေးလိုက်ရပြီ ဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment