address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, April 9, 2014

တစ်နိုင်ငံလုံးအပစ် အခက်ရပ်စဲရေးမူကြမ်း အချောထွက်ရှိပါက တိုင်းရင်းသားထိပ်သီးညီလာခံ ထပ်မံခေါ်ယူ သွားမည်




9.4.2014

တပ်မတော်အပါအ၀င် အစိုးရနှင့် တိုင်းရင်းသားများပူးပေါင်းရေးဆွဲသောတစ်နိုင်ငံလုံးအပစ် အခက်ရပ်စဲရေးမူကြမ်း အချောထွက်ရှိပါကတိုင်းရင်းသားထိပ်သီးညီလာခံထပ်မံခေါ်ယူ သွားမည်ဖြစ်ကြောင်း NCCT မှ တာဝန်ရှိသူ ဆလိုင်းလျန်မုန်းဆာခေါင်းကပြောသည်။
"မေလမှာ တွေ့ပြီး အချောလုပ်ပြီးတဲ့အခါ တိုင်းရင်းသားထိပ်သီးညီလာခံ ထပ်ခေါ်မယ်။သူတို့လက်ခံသဘောတူရင် တစ်နိုင်ငံလုံး အပစ်ခက်ရပ်စဲရေး စာချုပ်ကို ချုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။"ဟု ၎င်းကပြောသည်။

တစ်နိုင်ငံလုံးအပစ်ခက်ရပ်စဲရေးမူကြမ်း အချောရရှိပါက ၃ပတ် အကြာတွင် လက်မှတ်ရေးထိုးခြင်း၊ရက်ပေါင်း၆၀ အတွင်း Frame Work Meeting(စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးမှု) ပြုလုပ်ခြင်း၊ ရက်ပေါင်း ၉၀ အတွင်း Political Dialogue (နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု) ပြုလုပ်ခြင်းများဆောင်ရွက် သွားမည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ ကပြောသည်။
"ဆွေးနွေးဖို့လိုတဲ့အထဲမှာ မူပိုင်ပြဌာန်းခွင့်ဆိုတာရှိမယ်။သူတို့စိုး၇ိမ်တာက ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲထွက်မလားဆိုတာပါ။ဒါပေမဲ့ ကျွန်တော်တို့ ရှင်းပြတယ်။ခွဲထွက်ရေးမဟုတ်ဘူး၊စာပေ၊ယာဉ်ကျေးမှုစတဲ့ မူလအခွင့်အရေးကိုတောင်းဆိုတာပါ။"ဟု NCCT တစ်နိုင်ငံလုံးအပစ် အခက်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ညှိနှိုင်းရေးအဖွဲ့ မှ ဆာလိုင်းလျန် မုန်းဆာခေါင်းက ဆက်ပြောသည်။

တပ်မတော်အပါအ၀င် အစိုးရနှင့် တိုင်းရင်းသားများ ပူးပေါင်းရေးဆွဲသည့် တစ်နိုင်ငံလုံးအပစ်အခက်ရပ်စဲရေး စာချုပ်မူကြမ်း ဒုတိယအဆင့်ကို မေလ ပထမအပတ်တွင် MPC၌ ထပ်မံဆွေးနွေးရေးဆွဲကြမည်ဖြစ်သည်။

Popular Myanmar News Journal

No comments:

Post a Comment