address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, April 3, 2014

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ပြုလုပ်မည်




3.4.2014

ဟင်္သာနီ(မွန်မြေ)
မွန်ပြည်သစ်ပါတီ၏ ၂၀၁၄ ခုနှစ် ပထမပုံမှန် ဗဟိုကော်မတီအစည်းအဝေးကို ဧပြီလ ၄ ရက်တွင် စတင် ကျင်းပရန် ဆင့်ခေါ်ထားပြီး ရေးချောင်းဖျားရှိ ပါတီဗဟိုဌာနချုပ်စခန်း၌ တစ်ပတ်ကြာ ကျင်းပသွားမည် ဖြစ် ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာဗိုန်ခိုင်က ပြောသည်။

“ဒီနှစ်အတွက် ပထမပုံမှန် ဗဟိုကော်မတီအစည်းအဝေးဖြစ်ပါတယ်”ဟု ဆိုသည်။

ဆိုင်းငံ့ထားသည့် မွန်အမျိုးသားညီလာခံ ခေါ်ယူနိုင်ရန်၊ အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် မွန်ပြည်သစ် ပါတီ၏သဘောထား၊ မွန်ပြည်သစ်ပါတီ၏ နိုင်ငံရေး စစ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးကြမည်ဖြစ် သည်။ ပါတီဒု-ဥက္ကဋ္ဌ နိုင်ဟံသာလည်း ဗဟိုကော်မီတီအစည်းအဝေး တက်ရောက်မည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူးတာဝန်မှ လက်ရှိ ဒု-ဥက္ကဋ္ဌတာဝန်ရယူထားသူ နိုင်ဟံသာကို မွန်ပြည်သစ်ပါတီ၌ အပြည့်အ၀ တာဝန်ထမ်းဆောင်စေရန်လည်း ဗဟိုကော်မတီအစည်းအဝေး၌ ဆွေး နွေးကြမည်ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ကတော့ ပါတီအများအကျိုးအတွက်၊ လူမျိုးအကျိုးအတွက် ဘယ်နေရာမှာပဲ ရောက် ရောက် တာဝန်ထမ်းဆောင်ဖို့ အသင့်ပါ”ဟု နိုင်ဟံသာက ပြောသည်။

မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၅ ခုနှစ်၌ အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ သည်။၂၀၁၀ ပြည့်နှစ်တွင် အစိုးရ၏ နယ်ခြားစောင့် ဖွဲ့စည်းရေးမူဝါဒကြောင့် အပစ်ရပ်သဘောတူညီ ချက် ပျက်ပြယ်ကာ ၂၀၁၂၊ ဖေဖော်ဝါရီလတွင် ပြန်လည် အပစ်ရပ်ခဲ့သည်။

ရွှေဟင်္သာ

No comments:

Post a Comment