address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, April 28, 2014

လူကုန်ကူးခံရသူ ၅ဝ ကိုကော့သောင်း၌ ယာယီစောင့်ရှောက်ထား


28.4.2014

လူကုန်ကူးခံရသူ ၅ဝအား တစ် ပြိုင်နက် ယာယီစောင့်ရှောက်ထား နိုင်သောဂေဟာတစ်ခုကို ကော့ သောင်းမြို့၌ ယခုလ ၂၄ ရက်က ဖွင့်လှစ်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဗဟိုအဖွဲ့မှ အတည်ပြုသည်။
အဆိုပါ လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေး ဂေဟာ သည် မြန်မာနိုင်ငံအတွက် ဒုတိယ မြောက်ဂေဟာဖြစ်ပြီးကော့သောင်း မြို့ ရွှေပြည်စိုးကျေးရွာ (၄) မိုင် ကွင်းအမှတ် (၂၄/Oss) ဦးပိုင် အမှတ် (N-၃၈/၁ဝ)တွင် တည် ဆောက်ထားကာ ဂျပန်နိုင်ငံအစိုးရ ၏ပံ့ပိုးကူညီမှုဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဦးဆောင်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။
လူကုန်ကူးခံရသူများယာယီ စောင့်ရှောက်ရေး ဂေဟာအား မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ကိုယ်စား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးချုပ် ဝင်း နိုင်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောဝင်း၊ ခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌဦးကျော်စွာထွန်းနှင့်မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Political Counsellar Mr. TOMIOKAတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး ကမ္ပည်းမော်ကွန်းအား နံ့သာရည်များဖြင့်ပက်ဖျန်းခဲ့သည်။
ယခုဖွင့်လှစ်လိုက်သောဂေဟာ တွင် ထိုင်းနိုင်ငံ၌နည်းမျိုးစုံဖြင့် လူကုန်ကူးခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခံရသည့် လူကုန်ကူးခံရသူများကို နွေးထွေး စွာကြိုဆို၍ဂေဟာ၌ခေတ္တထားရှိ ကာ ၄င်းတို့၏ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာခံစားမှုများကိုဖြေ လျှော့စေရေးနှစ်သိမ့်ပညာပေးမှု ပြုလုပ်ခြင်း၊ လိုအပ်သည့်ဆေးဝါး ကုသမှုများပေးခြင်း၊ အသက်မွေး ဝမ်းကျောင်းပညာများ သင်ကြား ပေးခြင်းနှင့် မိဘအုပ်ထိန်းသူများ ထံ ပြန်လည်အပ်နှံပေးခြင်းစသည် တို့ကို လုပ်ဆောင်ပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။

ယခင် ၂ဝ၁၁ ခုနှစ် ဖေဖော် ဝါရီ ၂၁ ရက်ကလည်း ဂျပန် နိုင်ငံ၏ပံ့ပိုးကူညီမှုဖြင့် ပထမဦး ဆုံး လူကုန်ကူးခံရသူများ ယာယီ စောင့်ရှောက်ရေးဂေဟာကို မူဆယ် မြို့၌ဖွင့်လှစ်နိုင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် တွင် လူကုန်ကူးခံရသူ ၁၁၅ ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၁၁၆ ဦး၊ ၂ဝ၁၃ ခုနှစ်တွင် ၁၄၂ ဦးနှင့် ၂ဝ၁၄ခုနှစ် ဧပြီ ၁၂ ရက်အထိ ၂၆ ဦးတို့ကို အဆိုပါဂေဟာ၌ ယာယီစောင့် ရှောက်ထားနိုင်ခဲ့သည်။
ထို့အပြင် လူမှုဝန်ထမ်းဦးစီး ဌာနအောက်ရှိ ရန်ကုန်၊ မန္တလေး၊ မြိတ်နှင့် ကျိုင်းတုံမြို့တို့ရှိ အမျိုး သမီး သက်မွေးသင်တန်းကျောင်း လေးကျောင်း၊ ရန်ကုန်လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်း၊ မော်လ မြိုင်လူမှုဝန်ထမ်းသင်တန်းကျောင်း နှင့် မော်လမြိုင်အိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်းများတွင်လည်း လူကုန်ကူးခံရသူများကို ယာယီ စောင့်ရှောက်ထားရှိလျက်ရှိသည်။
တတိယမြောက် လူကုန်ကူးခံ ရသူယာယီစောင့်ရှောက်ဂေဟာကို မြဝတီမြို့၌ ဆက်လက်ဖွင့်လှစ်ရန် ရှိကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment