address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, April 9, 2014

ထိုင်းဗီဇာရရန် ဧပြီလဆန်းမှစ၍ နေ့ စဉ် လူပေါင်းများစွာသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေရ




9.4.2014

ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများသောကြောင့် ဗီဇာရရန် ဧပြီလဆန်းမှ စ၍ နေ့ စဉ်လူပေါင်း၄၀၀ ကျော်ထိုင်းသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေ ရကြောင်းဗီဇာရရန်တန်းစီသူတစ်ဦးထံမှသိရသည်။

“ဒီနေ့ မနက် ပေးတဲ့တိုကင်ရဖို့ ကို မနေ့ ကနေ့ လည် ၁၁း၀၀ လောက်ထဲက လာစောင့်နေရတယ်”ဟု ဗီဇာရရန် တန်းစီသူတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံသို့ သင်္ကြန်ကာ လတွင် အလည်ပတ် သွား သူများ၊ဆေးကုသမှု ခံယူရန်သွားသူများနှင့် ရဟန်း သံဃာ များ သွားရောက်သူများသောကြောင့် ယခုလိုစောင့်ဆိုင်းရခြင်းဖြစ် ကြောင်း၎င်းကဆက်ပြောသည်။

ယခုကဲသို့  ဗီဇာရရန်စောင့်ဆိုင်းရခြင်းမှာ ဧပြီလဆန်းပိုင်းမှ စတင်၍ တဖြည်းဖြည်းများလာခြင်းဖြစ်ကြောင်း လူ အယောက်လေးရာခန့် လာစောင့်ကြသော်လည်း ဗီဇာပေးသည့်ဦးရေမှာ တစ်နေ့လျှင် ၁၅၀ သာရှိကြောင်း ၊ထို့ကြောင့် ညအိပ်စောင့်ဆိုင်းကြခြင်းဖြစ်ကြောင်း ပွဲစားတစ်ဦးက ပြောသည်။

“အရင်ကဆိုလူတွေသိပ်တောင်မမြင်ရဘူး၊အခုသင်္ကြန်ပိတ်ရက်ရှိတာကြောင့် ပိုပိုများလာပါ”ဟု၎င်းကဆက်ပြောသည်။

အဆိုပါဗီဇာလာရောက်စောင့်ဆိုင်းသူများတွင် ကုမ္ပဏီများ၊အေး ဂျင့်များစသည်တို့ ပါဝင်ပြီးကိုယ်တိုင်လာ ရောက်လျှောက်ထားသူပိုများကြောင်းသိရသည်။

ယမန်နှစ်သင်္ကြန်နီးကာလများတွင်လည်း ယခုကဲ့သို့ဗီဇာရရှိရန် ညအိပ်စောင့်ဆိုင်းမူများရှိခဲ့သော်လည်း အရေ အတွက် မှာ ယခုနှစ်လောက်မများကြောင်း ပွဲစားတို့ကဆိုသည် ။

ယခုကဲ့သို့ပွဲတော်ပိတ်ရက်ရှည်များတွင်ထိုင်းနိုင်ငံ ၊စင်ကာပူနိုင်ငံ ၊ဂျပန်စသည်တို့သို့အလည်အပတ် သွားရောက်သူ များပြားလေ့ရှိပြီး အိမ်နီးချင်းထိုင်းနိုင်ငံမှာမူ အခြားနိုင်ငံများနှင့်ယှဉ်ပါက ငွေကြေး သက်သာပြီးဈေးဝယ်၍ကောင်းခြင်းကြောင့်ပိတ်ရက် ရှည်များ တွင် မြန်မာနိုင်ငံသားများသည်ထိုင်းသို့အများဆုံးသွားရောက်လေ့ရှိသည်။

ဇေဝေယံ
Popular Myanmar News Journal

No comments:

Post a Comment