address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, April 4, 2014

သန်းခေါင်စာရင်းကောက်ပြီးပါက လွဲချော်နေမှုများကို ၀န်ကြီးနှင့် အရပ်ဘက်အဖွဲ့များက ဆွေးနွေးလို


4.4.2014

တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူရာတွင် မှားယွင်းလွဲချော်နေသော အချက်အလက်များကို ကောက်ယူမှု ပြီးဆုံးသွားပါက ထောက်ပြပြောဆိုနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု တိုင်းရင်းသား အရပ်ဘက်အဖွဲ့အ စည်းများက ဧပြီ ၃ ရက်နေ့ ဆွေးနွေးပွဲတွင် ပြောသည်။

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ Gender and Development Initiative အဖွဲ့ရုံးခန်းတွင် ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်း၊ နာဂ၊ ချင်း စသော အရပ်ဘက်အဖွဲ့အစည်းများ ဆွေးနွေးခဲ့ကြပြီး ယင်းသို့ပြောခြင်းဖြစ်သည်။

ရှမ်းလူဦးရေစာရင်းအမှန် ကောက်ယူရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းမောက်က “ကျွန်တော်တို့ဆီမှာ သန်းခေါင်စာရင်းမှာပါဝင်ဖို့ နိုင်ငံခြားကနေ ခဏပြန်လာတဲ့လူတွေရှိတယ်။ သူတို့တွေက ဒီမှာ အိမ်မရှိ တော့ နီးစပ်ရာမှာ တည်းခိုကြတယ်။ သူတို့ကို သန်းခေါင်စာရင်းဖြည့်ခွင့်မပေးတဲ့ ပြဿနာတွေဖြစ်နေတယ်” ဟု ပြောသည်။

ရိုဟင်ဂျာဆိုသောလူမျိုးအမည်ကို ထည့်သွင်းခွင့်မရှိကြောင်း တရားဝင်ထုတ်ပြန်ထားသော်လည်း ရမ်းဗြဲ နှင့်သံတွဲမြို့များတွင် ဘင်္ဂါလီများက ကမန်လူမျိုးကုတ်တွင် ထည့်သွင်းနေသည်ဟု ရခိုင် အရပ်ဘက်အဖွဲ့ မှ ဒေါက်တာစံလှကျော်က ပြောသည်။

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်တစ်ဝိုက်တွင် စာရင်းကောက်ယူသူများက အိမ်တစ်ခုတွင် အထိုင်ချ၍ လူဦးရေ စာရင်းကို ၎င်းတို့ဘာသာ မှတ်သားဖြည့်သွင်းသွားခြင်းများရှိနေခြင်းသည် စိုးရိမ်ပူပန်ဖွယ်ရာဖြစ်နေသည် ဟု နာဂအရပ်ဘက်အခြေပြု အဖွဲ့အစည်းမှ ကိုရှုမောင်က မဇ္ဈိမကိုပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးအမည်ထည့်ရာ၌ ခွင့်မပြုသော အချက်များဖြစ်နေခြင်းနှင့် လူ တိုင်းစေ့ကောက်ယူမှုမရှိခြင်း စသည့် လွဲချော်မှုများ အများအပြားရှိနေသည်ဟု ယင်းအဖွဲ့အစည်းများက ဝေဖန်ပြောဆိုသည်။

mizzima

No comments:

Post a Comment