address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, April 11, 2014

သင်္ကြန်မတိုင်မီ လေးရက်ကပင် နယ်စပ်ကုန်သွယ်မှုများ ရပ်နား


11.4.2014

မြ၀တီ၊ မူဆယ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ၏ ကုန်စည်ပို့ဆောင်ရေး ယာဉ်များကို သင်္ကြန်မတိုင်မီ ၄ ရက်အလိုက စတင် ရပ်နားလိုက်ပြီးဖြစ်သည်ဟု အဝေးပြေး ကုန်စည်ပို့ဆောင်ရေးအသင်း ဥက္ကဋ္ဌ ဦးလှဦးက မဇ္ဈိမသို့ ပြောသည်။

အလားတူ ရန်ကုန်-မန္တလေး ၊ ရန်ကုန်-မော်လမြိုင် စသဖြင့် ပြည်တွင်းကုန်သွယ်မှု လမ်းကြောင်းများ၏ ကုန်သယ်ယူပို့ဆောင်မှုများကို ဧပြီ ၁၂ရက် သင်္ကြန်အကြိုနေ့မှ စတင်ရပ်နားသွားဖြစ်သည်ဟု ဧပြီ ၁၀ ရက်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကိုဖြေကြားပြောသည်။

ဦးလှဦးက “ယာဉ်မောင်း အချို့က နားကြပြီလေ၊ ဒါကြောင့် ကုန်ကားအတော်များများကတော့ နားသွားပြီ။ အခုဆိုရင် ရန်ကုန်ကို ကုန်အ၀င်ကားတွေ မရှိတော့ဘူး။ နယ်ပြန်ဖို့ကျန်သေးတဲ့ ယာဉ်မောင်းတွေကတော့ ရန်ကုန်ကနယ်ကိုပို့မယ့်ကုန်တွေ တင်သွားတာမျိုးတော့ ရှိရင်ရှိမယ်။ သင်္ကြန်အကြိုနေ့ကစပြီးတော့ ကုန်စည်အားလုံးကို နားမှာပါ။ နယ်စပ်လမ်းကြောင်းတွေမှာလဲ ဧပြီ ၈ရက် လောက်ကတည်းကနားသွားတာ။ မြ၀တီ ဘက်ဆိုရင် ထိုင်းမှာလဲ သင်္ကြန်ရှိတော့ ကုန်သွယ်မှု နားလိုက်ပါပြီ”ဟု ဆိုသည်။

ထိုသို့ ကုန်စည်ပို့ဆောင်မှုများ ရပ်နားလိုက်ခြင်းကြောင့် နှစ်စဉ်ဖြစ်ပေါ်လေ့ရှိသည့် အတိုင်း ပြည်တွင်းဈေးကွက်အတွင်း ကုန်စည်ဈေးကစားမှုများ ရှိနိုင်သော်လည်း ကုန်စည်ပြတ်လပ်သည့် အနေအထား ဖြစ်နိုင်ဖွယ်မရှိဟု ယင်းကဆက်လက်ဆိုသည်။

“အခုနောက်ပိုင်းမှာက ၂၂ဘီးကားတွေ တော်တော်များများဝင်လာတော့ သင်္ကြန်မတိုင်ခင်ကတည်းက ရန်ကုန်ကို ကုန်စည်တော်တော်များများ ၀င်ထားတယ်။ ကုန်မပြတ်လောက်ဘူး ဈေးကစား တာကတော့ ရှိရင်ရှိမှာပဲလေ”ဟုပြောသည်။

Mizzima

No comments:

Post a Comment