23.4.2014
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနားအား ရေဝေးသုသာန်တွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိကျင်းပပြီး ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။
ထုတ်ပြန်ချက်တွင် ဈာပနအစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကဦးဆောင်၍ စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဈာပနအခမ်းအနားအဖြစ် ဧပြီ ၂၃ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအတွင်း ဂါရ၀ပြုခြင်းအစီအစဉ်နှင့် ဂူသွင်းသင်္ဂြိုဟ်ခြင်းအစီအစဉ်ကို ရေဝေးသုသာန်တွင် ပြုလုပ်မည်ဖြစ်သည်။
ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခြင်းနှင့် ၀မ်းနည်းခြင်းပန်းခွေ၊ ပန်းခြင်းများ ပေးပို့နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) နှင့် ကမာရွတ်မြို့နယ်ရှိ ယုဒသန်ခန်းမသို့ ဧပြီ ၂၃ ရက် နောက်ဆုံးထား၍ ပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် လိုအပ်သည့် သတင်းအချက်အလက်များနှင့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ၌ ဖွင့်လှစ်ထားရှိကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီက ထုတ်ပြန်ထားသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျန်ရစ်သူမိသားစုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၂ ရက် ညနေပိုင်းတွင် လာရောက်တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆရာကြီးဦးဝင်းတင်၏ ကျောက်ကုန်းနေအိမ်သို့ ဧပြီ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၄၀ မှ ညနေ ၆ နာရီ မိနစ် ၄၀ အထိ လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
"အဖွဲ့ချုပ်မှာ ကြီးမားတဲ့ဆုံးရှုံးနစ်နာမှု ရှိတယ်လို့ပြောတယ်။ ဈာပနကိစ္စမှာ အဘရဲ့ဆန္ဒကိုဆန့်ကျင်ပြီး သုံးရက်ထားတာကို မကြိုက်ဘူးလို့ပြောတယ်။ အဘက ချက်ချင်းသင်္ဂြိုဟ်ဖို့ပြောခဲ့တာကို မနက်ဖြန်ဈာပနကို သူလည်းလာမယ်လို့ ပြောသွားပါတယ်"ဟု ဆရာကြီးဦးဝင်းတင်၏ တပည့်ရင်းဖြစ်သူ ဦးဇော်မျိုးအောင်က ပြောကြားသည်။
"အန်တီဒေါ်အောင်ဆန်းစုကြည်လာတာကို အားရှိပါတယ်။ သူကတော့ အားပေးစကားတွေပဲ ပြောသွားတယ်။ အဘနဲ့တွဲလုပ်ခဲ့တဲ့ ကိစ္စလေးတွေကိုလည်း သူပြန်ပြောတယ်။ မနက်ဖြန်ဈာပနကိုလည်း သူလာမယ်လို့ ပြောသွားပါတယ်" ဆရာကြီး ဦးဝင်းတင်၏ မွေးစားသမီး ဒေါ်ဆွေဆွေက ပြောကြားသည်။
ဟံသာဝတီဦးဝင်းတင် ကွယ်လွန်မှုအတွက် ရန်ကုန်တက္ကသိုလ် ယုဒဿ န်ရိပ်သာတွင် အောက်မေ့ဖွယ်အခမ်းအနား ပြင်ဆင်ထားစဉ်
Eleven Media Group
No comments:
Post a Comment