address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, April 27, 2014

နှစ် ၅၀ အတွင်း အမြင့်ဆုံးအပူချိန် စစ်ကိုင်းတွင် စံချိန်ချိုး


27.4.2014

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့တွင် နေ့အပူချိန် ဆက်လက်မြင့်တက်နေကာ ဧပြီ ၂၃ ရက်က နှစ်ပေါင်း ၅၀ အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့သည့်အပူချိန်ကို နှစ်ရက်အကြာတွင် ထပ်မံစံချိန်သစ်တင်ခဲ့ကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။
ဧပြီ ၂၅ ရက်က မော်လိုက် မြို့တွင် ၄၄ ဒသမ ၃ ဒီဂရီစင်တီ ဂရိတ်ဖြင့် နှစ်ပေါင်း ၅၀ အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဖြစ်ခဲ့ သည်။ ထို့ကြောင့် ဧပြီ ၂၃ ရက်ကပင် နေ့အပူချိန် ၄၃ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြင့် တင်ထားခဲ့သော စံချိန်ကို နှစ်ရက်အတွင်း ထပ်ချိုး ခြင်းဖြစ်သည်။
မိမိတို့ဒေသတွင် အပူချိန် မြင့်မားမှု အလွန်အမင်း ခံစားနေရပြီး မော်လိုက်နှင့် ကလေးဝမြို့အနီး ပတ်ဝန်းကျင် တောတောင်များတွင် တောမီးလောင်ကာ နေ့ရောညပါ မီးခိုးမြူများ အုံ့ဆိုင်းနေ ကြောင်း မော်လိုက်မြို့အောင်မင်္ဂ လာရပ်ကွက်မှ ဒေသခံဦးစန်းမြိုင် က ပြောသည်။
‘‘ပူတာကတော့ ကလေး ရော လူကြီးပါ ဘယ်လိုနေရမှန်း ကို မပြောတတ်တော့တာ။ မြို့ ပေါ်မှာလည်း မီးခိုးမြူတွေ အုံ့နေ တာ သုံးရက်ရှိပြီ။ တောမီးလောင်ပြီး မြို့ဘက်ကို မီးခိုးတွေ လွင့်လာတာ။ ဟိုနှစ်တွေက ဒီလို မဟုတ်ဘူး’’ ဟု ၎င်းက ပြောသည်။
စံချိန်တင်အပူချိန်များ ဒေသတွင်း ဆက်တိုက်မြင့်နေသော် လည်း အပူကြောင့် လူနှင့် တိရ စ္ဆာန်များ ဖျားနာသေဆုံးမှုသ တင်း မကြားရသေးဘဲ မီးခိုးများ အုံ့ဆိုင်းနေသည်မှာ အမှန်ပင်ဖြစ်ကြောင်း မော်လိုက်မြို့ မိုး/ ဇလဌာန ဒုတိယဦးစီးမှူး ဦးကြည်ဝင်းက ပြောသည်။ နေအပူနှင့် လေအပူပေါင်းစပ်သွားသောကြောင့် ပူပြင်းခြောက်သွေ့သော ဒေသများတွင် နေ့အပူချိန်များ မြင့်နေဦးမည်ဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။

7 Day News Journal

No comments:

Post a Comment