address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, July 29, 2014

နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရအဆိုပြုသော ရှစ်ပွင့်ဆိုင်ထက် သုံးပွင့်ဆိုင်ဆွေးနွေးရန်သာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သဘောတူ




29.7.2014

နိုင်ငံရေးဆွေးနွေးပွဲများ တွင် ရှစ်ပွင့်ဆိုင်ဆွေးနွေးရန် အစိုးရဘက်မှ အဆိုပြုထားမှုကို တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များက သဘောမတူဘဲ သုံးပွင့် ဆိုင်ဆွေးနွေးရန် အချက်ကိုသာ လက်ခံထားကြောင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ NCCT အကြံပေး ပုဂ္ဂိုလ်ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာခေါင်းက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တစ်ခုတည်းသော သဘောတူညီချက်စာချုပ်ဒုတိယ မူကြမ်း အခန်း (၅) နိုင်ငံရေးဆွေး နွေးပွဲဆိုင်ရာ အာမခံချက်များ တွင် နိုင်ငံရေးဆွေးနွေးပွဲများကို အစိုးရအဖွဲ့၊ လွှတ်တော်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ နှင့် နိုင်ငံရေးအစုအဖွဲ့များ၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် တိုင်းရင်းသားကိုယ် စားလှယ်များ၊ စီးပွားရေးအသင်း အဖွဲ့များ၊ အရပ်ဘက်လူ့အဖွဲ့ အစည်းများ၊ ပညာရှင်အစုအဖွဲ့ များဖြင့် ပြုလုပ်ရန် အစိုးရဘက် က အဆိုပြုထားခြင်းဖြစ်သည်။

သို့ရာတွင် တိုင်းရင်းသား များဘက်ကမူ အစိုးရအဖွဲ့၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တရားဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များဖြင့် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရန် အချက်ကို စွဲကိုင်ထားခြင်းဖြစ်သည်။

‘‘အစိုးရက အစိုးရအဖွဲ့ရယ်၊ လွှတ်တော်ရယ်၊ တပ်မတော် ရယ်ကို အင်အားစုသုံးခုအနေနဲ့ သူတို့တင်ပြချင်တယ်။ သို့သော် ကျွန်တော်တို့က ဒါကအားလုံး နိုင်ငံတော်ကို ကိုယ်စားပြုပြီး တော့ အစိုးရကို ကိုယ်စားပြုထား တဲ့ အဖွဲ့တွေပဲဖြစ်နေတော့ သူ တို့သုံးဖွဲ့စလုံးကို အစိုးရကိုယ်စား လှယ်အဖြစ်နဲ့ပဲ လက်ခံချင်ပါ တယ်’’ဟု NCCT အကြံပေးပုဂ္ဂိုလ် ဒေါက်တာဆလိုင်းက ဆိုသည်။

ဇူလိုင် ၂၈ ရက် NCCTထိပ် သီးအစည်းအဝေးအပြီးတွင် တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး တစ်ခုတည်းသော သဘောတူညီ ချက်စာချုပ် ဒုတိယမူကြမ်းတွင် ပါဝင်သည့် နိုင်ငံရေးအာမခံမှု ဆိုင်ရာအချက်များနှင့် ပတ်သက် ၍ သတင်းထောက်များ၏ မေး မြန်းမှုကို ယင်းကဲ့သို့ ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင်နိုင်ငံရေးပါတီများ နှင့် နိုင်ငံရေးအစုအဖွဲ့များမှ လွဲ၍ အခြားအင်အားစုသုံးခုမှာလည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ (Civil Society) သာဖြစ်သည့် အတွက် ဆုံးဖြတ်ခွင့်ရှိသူများ အဖြစ် မသတ်မှတ်ဘဲ သင့်လျော် သလို ပါဝင်ဆွေးနွေးခွင့်ရစေမည် ဟု တင်ပြထားခြင်းဖြစ်ကြောင်း ဒေါက်တာဆလိုင်းကဆက်လက် ပြောသည်။

‘‘ဒီသုံးခုကတော့ Civil Society နဲ့ နီးစပ်သည့်အတွက် Decision Maker Body မှာ သူ တို့အနေနဲ့ မပါဝင်သင့်ဘူး။ သို့ သော်ပါဝင်ပတ်သက်သင့်သည် လို့ ကျွန်တော်တို့ကပြောတယ်’’ ဟု ဒေါက်တာဆလိုင်းက ဆက်လက်ပြောကြားသည်။

အစိုးရအနေဖြင့်လည်း ဒီမို ကရေစီ၏ သဘောတရားကို နှစ် နှစ်ကာကာလက်ခံမည်ဆိုပါက တိုင်းရင်းသားအဖွဲ့များ၏ တင်ပြ မှုကို ငြင်းဆိုစရာမရှိနိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

NCCT ထိပ်သီးအစည်းအ ဝေးတတိယနေ့အထိ ဦးဆောင် ကော်မတီသို့ ဆုံးဖြတ်ရန် လွှဲအပ် လိုက်သော ဝေါဟာရအသုံးအ နှုန်းအချက် ငါးချက်ရှိပြီဖြစ် သည်။ ထိပ်သီးအစည်းအဝေး တတိယနေ့တွင် စာချုပ်မူကြီး အခန်း (၇) ခန်းလုံးကို ဆွေးနွေး ပြီးစီးခဲ့သော်လည်း ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ၊ ဝေါဟာရအသုံးအနှုန်းနှင့် ပတ်သက်၍ ဆွေးနွေးရန် ကျန်ရှိ သောကြောင့် အစည်းအဝေးကို ဇူလိုင် ၂၉ ရက်တွင် နေ့ဝက်ခန့် ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

‘‘ထိပ်သီးခေါင်းဆောင်များ က အခန်း (၇) ထိကို ခြုံငုံပြီး အား လုံးသုံးသပ်တာဟုတ်ပါတယ်။ ပြီးတော့သိပ်မရှင်းတဲ့ အဓိပ္ပာယ် တွေ အစိုးရကို ပြန်မေးသင့်တဲ့ ဟာတွေကို အတည်ပြုပြီးတော့ မေးမယ်၊ ဆွေးနွေးမယ်။ နောက် တစ်ခုက ရှေ့ဆက်မယ့်လုပ်ငန်း တွေအတွက် အတည်ပြုမယ်။ ဒီ သုံးခုစလုံးပြီးမှ ဒီစာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးဖို့ အဆင့်သင့် ဖြစ်၊ မဖြစ်ဆိုတာ အဲဒီအခါမှ အဖြေထုတ်လို့ရမှာဖြစ်တယ်’’ဟု ကေအိုင်အေဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။

7Day Daily
NCCT ထိပ်သီးအစည်းအဝေးပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ −မရန်)

No comments:

Post a Comment