address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, July 3, 2014

လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်သော မိန်းကလေးအား အဓမ္မပြုကျင့်သည်ဟု ဆိုသူနှစ်ဦးကို အမှုဖွင့်

July 3, 2014

လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်သော မိန်းကလေးအား အဓမ္မပြုကျင့်သည်ဟု ဆိုသူနှစ်ဦးကို ပျဉ်းမနားမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၂၇လမ်းနှင့် ၈၂လမ်း ထောင့်ရှိ ဆန်းကဖေးလက်ဖက် ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ဦး သည် ၎င်းတို့လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်နေသော အမျိုးသမီးငယ်တစ်ဦးကို နေပြည်တော်တွင် ဆိုင်သစ်ဖွင့်ရန်အတွက်ဟုဆိုကာ ကားဖြင့်တင်ဆောင်ခေါ်ယူလာပြီး ပျဉ်းမနား မြို့အနီး၌ အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ၎င်းတို့ နှစ်ဦးကို အရေးယူရန် ဇွန်လ၂၈ ရက်တွင် အမျိုးသမီးငယ်က တိုင်ကြားထားပြီး ပျဉ်းမနား မြို့မရဲစခန်း၌ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့် ထားသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဇော်မင်းဦးကပြောသည်။


ထိုသို့အမှုဖွင့်ခံရမှုအတွက် စုံစမ်းစစ်ဆေးရန် ဇွန်လ ၃၀ ရက် ညတွင် ပျဉ်းမနား မြို့မရဲစခန်း အပါအ၀င် မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနမှ တာဝန်ရှိသူများသည် ဦးနေ၀င်း၏နေအိမ်ဖြစ်သော မန္တလေးမြို့အောင်မြေသာစံမြို့နယ် ၁၈လမ်းနှင့် ၁၉လမ်း ကြား၊ လမ်း ၈၀နှင့် ၈၁လမ်းကြားရှိ နေအိမ်တို့သို့ သွားရောက်စစ်ဆေးခဲ့သည်ဟုဆိုသည်။
သို့သော် ၎င်းတို့ကို နေအိမ်တွင် ရှာဖွေမတွေ့ရှိသည့်အတွက် အိမ်ပြန်ပြီး လာရောက်နေထိုင်ပါက ရဲစခန်းသို့ ဆက်သွယ်ပေးရန် မှာကြားထားသည်ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။

ဆန်းကဖေးနှင့် နေကဖေး လက်ဖက်ရည်ဆိုင်တွင် အလုပ် လုပ်ကိုင်နေသော ဗုဒ္ဓဘာသာအ မျိုးသမီးငယ်တစ်ဦးအားဆိုင်ရှင် အစ္စလာမ်ဘာသာဝင်ညီအစ်ကို နှစ်ဦးက အဓမ္မပြုကျင့်သည်ဆိုသော သတင်းများ ဇွန်လနောက်ဆုံးပတ်ကတည်းက အင်တာနက် သတင်းများတွင် ပျံ့နှံ့နေပြီး အဆိုပါသတင်းအပေါ် အခြေခံကာ ဇူလိုင်လ ၁ ရက်ညက မန္တလေးမြို့တွင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအသွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မှုခင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အတည်ပြုချက် မပေးသေးဘဲ စစ်ဆေးနေဆဲသာဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့မှာ ပြန်လည်တည်ငြိမ်နေပြီဖြစ်သော်လည်း လူစုလူဝေးများ စတင်ဖြစ်ပေါ်ခဲ့ရာ မန္တ လေးမြို့ချမ်းအေးသာစံမြို့နယ် ၈၂လမ်းနှင့် ၂၇လမ်းထောင့်အပါအ၀င် အနီးအနားနေရာများကို ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး အပြည့်အ၀ရယူထားဆဲဖြစ်ပြီး မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးနှင့် မှုခင်းများထပ်မံမဖြစ်ပွား စေရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား လေးရာကျော်၊ လုံခြုံရေး တပ်ဖွဲ့ခွဲ(မန္တလေးတိုင်းဒေသကြီး)မှ အင်အားသုံးရာခန့်၊ စုစုပေါင်း အင်အား ခုနစ်ရာကျော်ဖြင့် လုံခြုံ ရေးရယူဆောင်ရွက်နေသည်ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

7Day Daily

No comments:

Post a Comment