address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, July 31, 2014

ကြည့်မြင်တိုင်မှာ နှစ်ထပ်တိုက်ဟောင်း ပြိုကျလို့ လူတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ




31.7.2014

ရန်ကုန်မြို့တော် ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်း တောင်အနောက် ရပ်ကွက်မှာ နှစ်ထပ်တိုက်ဟောင်း ပြိုကျတဲ့ အတွက် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကြည့်မြင်တိုင် ညဈေးအနီးမှာရှိတဲ့ အဲဒီတိုက်ဟာ နှစ်ငါးဆယ်လောက် ရှိနေပြီဖြစ်ပါတယ်။ တိုက်ပြိုကျတဲ့အတွက် အဲဒီအနီးမှာ ကုန်စိမ်းရောင်းနေသူတွေ အပေါ် ပိခဲ့တာတာလို့ မကျည်းတန်းတောင်အနောက် ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမင်းက အတည်ပြုပါတယ်။

နှစ်ထပ်တိုက်ရဲ့ အပေါ်ထပ်က ဝရန်တာ အရင်ပြိုကျပြီးတော့ အောက်ထပ်က ဝရန်တာပါ ထပ်မံ ပြိုကျခဲ့တယ်လို့ သူက ဆိုပါတယ်။

သေဆုံးသွားသူဟာ ကုန်တင်ဆိုက္ကားမောင်းတဲ့သူ ဦးကျော်ကိုကိုဖြစ်ပါတယ်။ ကုန်စိမ်းရောင်းတဲ့ သူ့အမျိုးသမီးရဲ့ ဈေးဘန်းကို လာသိမ်းချိန်မှာ တိုက်ပြိုကျလို့ ခဲ့တာပါ။ ဒဏ်ရာရသူတွေအထဲမှာတော့ ကျော်ကိုကိုရဲ့ ဇနီးလည်း အပါအဝင်ဖြစ်ပါတယ်လို့ ဦးအောင်စိုးမင်းက ဆက်ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသနေတယ်လို့ သူက ပြောပါတယ်။
အခုပြိုကျတဲ့တိုက်က နှစ်ငါးဆယ်လောက် ကြာမြင့်နေပါပြီ။ လက်ရှိမှာ အိမ်ရှင်အိမ်ငှား ပြဿနာတွေ တက်နေတဲ့အတွက် လူမနေဘူးလို့ ဦးအောင်းစိုးမင်းက ဆိုပါတယ်။

The Voice Weekly

No comments:

Post a Comment