30.7.2014
အဆိုပါ ဝန်ဆောင်မှုတွင် GSM နှင့် WCDMA ဖုန်းများသာ အသုံးပြုနိုင်ပြီး လတ်တလောတွင် သြဂုတ်လ တစ်လအတွင်းအတွက်သာ စီစဉ်ထားပြီး အသုံးပြုလိုပါက မိမိဆက်သွယ်လိုသော ဖုန်းနံပါတ်သုံးခုကို ၁၃၃၁ ကုတ်နံပါတ်ကို Massage ပေးပို့၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။
နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော အော်ရီဒူးက ဆင်းမ်ကတ်များ စတင်ရောင်းချတော့မည့်ဆဲဆဲ အချိန်တွင် မည်သည့်အချိန်ကမျှ အရောင်းမြှင့်တင်ရေး အစီအစဉ် မလုပ်ခဲ့ဖူးသော MPT ၏ ဝန်ဆောင်မှု အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဝန်ဆောင်မှုများကို နိုင်ငံတကာတွင်လည်း ဝန်ဆောင်မှုပေးနေပြီး ဝန်ဆောင်ခ ကောက်ခံသည့် အော်ပရေတာများရှိသလို၊ မကောက်ခံသည့် အော်ပရေတာများလည်း ရှိကြောင်း IT ပညာရှင် တစ်ဦးဖြစ်သူ ဦးဇော်ဇော်မျိုးလွင်က ပြောကြားသည်။
“တန်တယ်၊ မတန်ဘူး ဆိုတာကတော့ သုံးစွဲသူရဲ့ရွေးချယ်မှုပဲ” ဟု ၎င်းက ဆိုသည်။
လူသုံးဦးကို တစ်လဝန်းကျင်သာ ဖုန်းပြောနိုင်မည့် အဆိုပါ ဝန်ဆောင်မှုအတွက် ငွေကျပ် ၂၅၀၀ ကျပ်ပေးဆောင်ရမည် ဖြစ်သောကြောင့် လူတစ်ဦးတည်းနှင့် တယ်လီဖုန်းကြာမြင့်စွာ ပြောလေ့ရှိသူများအတွက် တွက်ခြေကိုက်သော်လည်း ယင်းကဲ့သို့ ပြောဆိုလေ့ မရှိသူများအတွက်မူ ကုန်ကျစရိတ် မထူးခြားကြောင်း မိုဘိုင်းလ်ဖုန်း သုံးစွဲသူများက ဆိုသည်။
“တစ်ယောက်တည်းနဲ့လည်း ဖုန်းအကြာကြီးမပြောတော့ ကျွန်တော်တို့ဖို့တော့ ဘာမှမထူးဘူး။ ၅၀ ပဲဖြတ်ဖြတ်၊ ၁၀၀ ပဲဖြတ်ဖြတ်။ သုံးလည်းသုံးမှာ မဟုတ်ဘူး” ဟု နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သူ ကိုအေးချမ်းအောင်က ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လတ်တလောတွင် အဆိုပါ ဝန်ဆောင်မှု သုံးစွဲလိုသူများသည် ၁၃၃၁ ကုတ်နံပါတ်ကို ဗီစာလုံးနှင့် ဖုန်းနံပါတ်သုံးခု ပေးပို့ရမည်ဖြစ်ပြီး Success! you can call 09….. for Kyats/min until 2014.8.31 နံပါတ်ကိုရရှိပါက စတင်သုံးစွဲနိုင်မည် ဖြစ်ကြောင်း ကြေညာထားသည်။
The Voice Weekly
No comments:
Post a Comment